YouTube ကိုမကျေနပ်လို့ ဌာနချုပ်ထိသွားပြီး သေနတ်နဲ့ရမ်းကားခဲ့တဲ့အမျိုးသမီး

မနေ့က California မှာရှိတဲ့ YouTube ဌာနချုပ်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး   ဝန်ထမ်းလေးယောက် ဒဏ်ရာရခဲ့ကာ တရားခံကတော့ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်ခဲ့သူဟာအမျိုးသမီးဖြစ်ပြီး YouTube ရဲ့ ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မကျေနပ်လို့ အခုလိုလုပ်ခဲ့တာလို့သိရပါတယ်။

YouTube shooter

တရားခံဖြစ်တဲ့ Nasim Najafi Aghdam ဟာ YouTuber တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ Youtube channel က video တွေမှာထည့်ထားတဲ့ ကြော်ငြာတွေကတဆင့်ဝင်ငွေတွေရရှိနေကျဖြစ်ပေမယ့် မနှစ်ကပြောင်းလိုက်တဲ့ policy တွေကြောင့် သူ့ဝင်ငွေတွေလျော့သွားလို့ YouTube ကိုအမုန်းကြီးမုန်းနေခဲ့တယ်လို့ သူ့အဖေဖြစ်သူက ပြောပြခဲ့ပါတယ်။ သူ့ရဲ့ video တွေကို ကြည့်သူအများကြီးမရှိအောင်လို့လဲ filter လုပ်ခံထားရတယ်ဆိုပြီး သူ့ရဲ့ တခြား social media တွေကတဆင့်ပြောပြထားတာတွေကိုလဲတွေ့ရပါတယ်။ YouTube မှာ သူ့ကိုယ်ပိုင် channel သုံးလေးခုရှိခဲ့ပေမယ့် အခုတော့ သူ့ရဲ့ channel တွေကို YouTube ကဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။

တရားခံ Agahdam ကို ပစ်ခတ်မှုမဖြစ်ခင်မနက်ပိုင်းမှာ မသင်္ကာစရာဖြစ်နေလို့ ရဲတွေကစစ်ဆေးမေးမြန်းခဲ့ပြီး လူပျောက်တိုင်ထားတဲ့သူဖြစ်နေတဲ့အတွက် သူ့အိမ်ကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့သိရပါတယ်။ သူ့အဖေဖြစ်သူကတော့ သူ့သမီးဟာ YouTube ကိုမုန်းနေပြီး အဲ့ဒီကို တခုခုလုပ်ဖို့သွားတာကိုရိပ်မိပေမယ့် သူမအဲ့လိုလုပ်သွားလိမ့်မယ်လို့မထင်မိခဲ့ဘူးလို့ဆိုပါတယ်။အခုလက်ရှိမှာတော့ သူမရဲ့ social media တွေအကုန်လုံးနီးပါး အသက်မဝင်တော့ဘူးလို့သိရပါတယ်။ အသက်၁၈ နှစ်လောက်က ဒုက္ခသည်အနေနဲ့ အီရန်ကနေ အမေရိကန်ကိုရောက်ခဲ့တဲ့ သူမဟာ vegan တစ်ယောက်ဖြစ်ပြီး တိရိစ္ဆာန်တွေရဲ့အခွင့်အရေးအတွက်လဲ လှုပ်ရှားတက်ကြွသူတစ်ဉီးဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ မကျေနပ်မှုတွေဟာ ၂၀၁၆/၂၀၁၇ ကတည်းကရှိနေခဲ့တာဖြစ်ပြီး YouTube ဟာတရားမမျှတမှုတွေရှိနေတယ်လို့ မကြာခဏထုတ်ဖော်ပြောခဲ့ဘူးပါတယ်။

screenshot of youtube shooter’s post

နောက်ဆုံးတော့ သူ့ရဲ့အမုန်းတရားတွေကို မမှန်ကန်တဲ့နည်းလမ်းနဲ့တုံ့ပြန်ခဲ့ပြီး မသက်ဆိုင်သူတွေကို နာကျင်စေခဲ့ရုံသာမက ကိုယ့်ကိုကိုယ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာပါ။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် YouTube ရဲ့ CEO နဲ့ သမ္မတ Trump တို့အပါအဝင် လူတော်တော်များများက စိတ်မကောင်းရကြောင်း social media တွေကတဆင့် သတင်းစကားပါးခဲ့ကြပါတယ်။

နောက်ဆုံးရထားတဲ့သတင်းအရ ဒဏ်ရာရထားသူနှစ်ဉီးကတော့ ဆေးရုံကဆင်းပြီဖြစ်ပြီး အခြေအနေဆိုးခဲ့တဲ့ နှစ်ဉီးကလဲ စိုးရိမ်စရာမရှိတော့ဘူးလို့သိရပါတယ်။ YouTube ဌာနချုပ်ကိုတော့ ဒီနေ့ထိပိတ်ထားပြီး စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

 

Source : NBC

Leave a Reply

Your email address will not be published. Required fields are marked *