သင့်ရဲ့အချက်အလက်တွေကို လုံခြုံစေမယ့် 100 GB Free – Degoo Cloud Drive

ကိုယ့်ရဲ့အချက်အလက်တွေ၊ဓာတ်ပုံနဲ့ video တွေကို ကိုယ်ပိုင်ဖုန်းနဲ့ memory device တွေအပြင်အခြားနည်းနဲ့သိမ်းလို့ရနိုင်ပါသေးတယ်။ အဲ့ဒီအခြားနည်းကတော့ Cloud တွေပဲဖြစ်ပါတယ်။ Google နဲ့ ဖုန်းကုမ္မဏီတွေအပြင်အခြား cloud service ကုမ္မဏီ တွေအများကြီးရှိပါတယ်။ အဲ့ဒီ ကုမ္မဏီတွေက ဒေတာအမြောက်အများဆံ့တဲ့ server ကြီးတွေထောင်ပြီး user တွေရဲ့အချက်အလက်တွေကို free ဖြစ်စေ အခကြေးငွေနဲ့ဖြစ်စေသိမ်းဆည်းပေးရင်း cloud service ပေးကြပါတယ်။

Google ရဲ့ Drive ဆိုရင် 15 GB သာ free ရနိုင်ပြီးထပ်လိုချင်ရင်ပိုက်ဆံပေးရမှာဖြစ်ပါတယ်။ ကိုယ့်သက်ဆိုင်ရာဖုန်းကုမ္မဏီတွေရဲ့ free ပေးတဲ့ပမာဏကလည်းအများကြီး မဟုတ်တာကြောင့် စာရေးသူအနေနဲ့ 100 GB အထိ free သိမ်းဆည်းနိုင်မယ့် Degoo app လေးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာ။

ဒီ App လေးအနေနဲ့ Market တွေပေါ်ရောက်ရှိတာကြာနေပြီဖြစ်ပေမယ့် အစကဘယ်သူမှ သိပ်ပြီး အရေးမလုပ်မိခဲ့ကြပါဘူး။ အရင်က 50 GB free ဆိုတဲ့ icon ရိုးရိုးလေးနဲ့ သူ့ဘာသာတည်ရှိနေတာပဲ ဖြစ်ပါတယ်။ အခု free ရနိုင်တဲ့ပမာဏကို 100 GB အထိတိုးမြှင့်လိုက်တဲ့အပြင်အခြားဝန်ဆောင်မှုတွေပါ ထပ်ပေါင်းထည့်လိုက်တာကြောင့်လူသုံးများပြီး ထင်ရှားလာပါတယ်။ အားနည်းချက်ကတော့ တချို့ဝန်ဆောင်မှုတွေနဲ့ GB ထပ်တိုးတာတွေလုပ်ချင်ရင်ပိုက်ဆံနဲ့ ဝယ်ယူရမှာဖြစ်ပါတယ်။ 2000 GB နဲ့ အမိုက်စားဝန်ဆောင်မှုတစ်ချို့ကိုတော့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Degoo app လေးမှာမဝယ်ပဲနဲ့ free သုံးရင်တောင်ရနိုင်တဲ့ လုပ်ဆောင်ချက်လေးတွေ ရှိနေပါသေးတယ်။ သင့်ဖုန်းထဲကဖွင့်မကြည့်တာကြာတဲ့ဓာတ်ပုံတွေ၊ သင်တန်ဖိုးထားမယ်လို့ Degoo ကွန်ပျူတာညဏ်ကထင်မိတဲ့ပုံတွေကို Newsfeed တစ်ခုလို ပြသပေးနေမှာ ဖြစ်ပါတယ်။ အမှတ်တစ်ရပုံတစ်ခုခုကို တွေ့ခဲ့ရင်တန်းပြီး save လုပ်လိုက်ဖို့ အလွန်လွယ်ကူပါတယ်။ လုံခြုံရေးအပိုင်းမှာလည်း ကုဒ်ဝှက်လုံခြုံရေးစနစ်နဲ့ cloud ပေါ်ကို တင်ပေးမှာဖြစ်ပါတယ်။ လုံခြုံရေးနှစ်ဆင့်ရှိပြီး free version မှာရိုးရိုးလုံခြုံရေးနဲ့ ဝယ်သုံးရင်တော့စစ်တပ်အဆင့်ကုဒ်ဝှက်စနစ်နဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သင့်ဒေတာတွေလိုအပ်ချိန်တိုင်းရှိနေနိုင်အောင် cloud ပေါ်တင်လိုက်တာနဲ့ သုံးခုပွားပေးထားတဲ့ service လည်းရှိပါသေးတယ်။

ကိုယ့်ရဲ့ဖုန်းပျောက်ဆုံးတာ၊ပျက်စီးတာတွေဖြစ်ခဲ့ရင်ဖုန်းရဲ့တန်ဖိုးထက် ဖုန်းထဲကပြန်မရနိုင်တဲ့အမှတ်တရတွေကပိုတန်ဖိုးကြီးပြီးနှမျှောစရာကောင်းလွန်းပါတယ်။ ဒါကြောင့် cloud သုံးပြီး ဒေတာတွေအရံသိမ်းထားဖို့ အကြံပြုရင်း တစ်ခါတည်းအဆင်ပြေစေမယ့် Degoo app လေးနဲ့ပါ မိတ်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ အောက်က link မှာဒေါင်းယူနိုင်ပါပြီနော်။

Download link – Android

, ,

Leave a Reply

Your email address will not be published. Required fields are marked *