ငြိမ်နေတဲ့ဓာတ်ပုံနဲ့ လှုပ်ရှားနေတဲ့ ဗီဒီယိုကိုပေါင်းစပ်ပေးမယ့် Application နှစ်ခု Loopsie & Draw Motion: Cinemagraph

Loopsie

Loopsie က cinemagraphs တွေပြုလုပ်ပေးတဲ့ ပထမဦးဆုံး apk တစ်ခုပါ။ Cinemagraphs ဆိုတာ လှုပ်ရှားမှုမရှိတဲ့ ဓာတ်ပုံနဲ့ အသက်ဝင်နေတဲ့ video ကိုပေါင်းစပ်ထားတဲ့ ဖန်တီးမှုပုံစံ တစ်ခုဖြစ်ပါတယ်။ အသုံးပြုတဲ့ နည်းလမ်းကတော့ သိပ်ပြီး မခက်ပါဘူး။ ဘယ်နေရာကို လှုပ်လှုပ်ရှားရှားလေးဖြစ်စေချင်လဲ။ ဘယ်နေရာကို အတည် မလှုပ်မရှားဘဲ ဓာတ်ပုံလေးအတိုင်းလေးပဲ ထားမယ်ဆိုတာ စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။ Photo နဲ့ video ကို ပေါင်းစပ်ဖန်တီးဖို့အတွက်အရင်းဆုံး Loopise ထဲမှာ အဝိုင်းလေးကို ကြာကြာဖိပြီး video တစ်ခုရိုက်ယူရပါမယ်။ ဓာတ်ပုံနဲ့ video ပေါင်းစပ်ထားတဲ့ အမြင်ဆန်းတဲ့ mode လေးကြောင့် ထူးခြားတဲ့ဓာတ်ပုံတစ်ပုံ ဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ Loopsie ကို Android , iOS နှစ်ခုလုံးအတွက် အသုံးပြုနိုင်ပါတယ်။

Download – Android/IOS

 

Draw Motion: Cinemagraphs

Draw Motion Apk က သင့်ရဲ့ ဖန်တီးနိုင်စွမ်းကို ထုတ်ဖော်ဖို့အတွက်ကူညီမှာဖြစ်ပြီး ပြောင်မြောက်လှတဲ့ ဓာတ်ပုံပညာအရည်အသွေးကို ပြုလုပ်ပေးမှာပါ။ အသက်ဝင်နေတဲ့ဓာတ်ပုံနဲ့ လှုပ်ရှားနေတဲ့ video ကိုပေါင်းစပ်နိုင်တဲ့ function ပါဝင်ပြီး ကိုယ့်စိတ်ကြိုက်နေရာကို ချိန်ညှိနိုင်မှာဖြစ်လို့ သင့်ကို စိတ်တိုင်းကျစေမှာပါ။ အပေါ်မှာ ပြောထားတဲ့ Loopsie apk နဲ့ အကြမ်းဖျင်းအားဖြင့် တူညီပါတယ်။ မတူတာ တစ်ခုက Draw Motion က iOS အတွက်ပဲ အသုံးပြုနိုင်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 36.5MB ရှိပါတယ်။ အောက်မှာပြထားတာလေးက Draw Motion နဲ့ လုပ်ထားတဲ့ youTube က Video လေးတစ်ခုပါ။

Download – IOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *