သင့် ရဲ့ iPhone ဖုန်းထဲမှာရှိထားသင့်တဲ့ Wallpaper app နှစ်ခု

ဒီဇိုင်းဆန်းသစ်ပြီး ခန့်ညားလှပတဲ့ wallpapers တွေကို ထုတ်လုပ်ပေးတဲ့ app နှစ်ခုဖြစ်ပါတယ်။ သူတို့လေးတွေကို သုံးပြီး အိုဟောင်းနေတဲ့ wallpapers ဒီဇိုင်းတွေကို ဘိုင့်ဘိုင့် လုပ်လိုက်ကြရအောင်…

 

Wallpapers for Me (iOS – free)

ဒီ app ထဲမှာ Resolution အရမ်းကောင်းတဲ့ wallpapers တွေနဲ့ Theme တွေအများကြီး ရွေးချယ်နိုင်ပါတယ်။ Wallpapers ပုံစံ တွေကို ခေါင်းစဉ် ၁၀ခုနဲ့ခွဲ ထားပေးတာကြောင့် ကိုယ်စိတ်ဝင်စားတဲ့ ခေါင်းစဉ်ကို ရွေးချယ်လိုက်တာနဲ့ သူနဲ့ သက်ဆိုင်တဲ့ wallpapers တွေ အများကြီး ထွက်လာမှာပါ။ ခေါင်းစဉ်အမျိုးအစားနာမည်တွေက Abstract, Cartoon, Sci-Fi, Animals, Sport, Nature, 3D, Holidays, Minimal နဲ့ Cities တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Home screen နဲ့ lock screen ကို လိုက်ဖက်ညီနေစေမယ့် Themes ပုံစံတွေကို လည်း ထည့်နိုင်ပါတယ်။ ကြိုက်နှစ်သက်တဲ့ wallpapers နဲ့ Theme တွေ တွေ့ရင် save လိုက်ရုံပါပဲ။ Save ထားတဲ့ Wallpapers တွေအားလုံး photos ထဲကို ရောက်သွားမှာပါ။ ဒါပေမယ့် Photos, locations နဲ့ notification တွေ ကို permission allow လုပ်ထားပေးဖို့တော့လိုအပ်ပါတယ်။ ဖိုင် အရွယ်အစား 108.5 MB ရှိပြီး Rating 4.7 အထိရရှိထားပါတယ်။

 

Source – Wallpapers for Me

 

intoLive – Live Wallpapers (iOS – free )

intoLive ကလည်း wallpapers app တစ်ခုပါပဲ။ ဒါပေမယ့် သူ့ရဲ့ ထူးခြားချက်က Live wallpapers တွေကို ကိုယ်တိုင်ပြုလုပ်နိုင်တာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ video (သို့) GIFs တွေကို Live wallpapers တွေအဖြစ်ပြောင်းလဲနိုင်ပြီး ဒီဇိုင်းအသစ်တွေ ဖန်တီးနိုင်ပါတယ်။ ရုပ်ရှင်ကြည့်နေရင်း ကိုယ်ကြိုက်တဲ့အခန်းတွေ့ရင် cut လုပ်ပြီး ထည့်သွင်းနိုင်သလို Library ထဲက ဓာတ်ပုံတွေကိုလည်း live  photo တွေအဖြစ်ပြောင်းနိုင်ပါတယ်။ ဘယ်မှာမှ ရှာလိုမရတဲ့ Live Wallpapers ပုံစံတွေကို ဖန်းတီးနိုင်တဲ့ app ဖြစ်လို့ လှုပ်ရှားနေတဲ့ wallpapers ပုံစံကြိုက်သူတွေ ကြိုက်နှစ်သက်မှာပါ။ intoLive ကို iPhone6s, 6s Plus, 7, 7 Plus, 8, 8 Plus နဲ့ X တို့မှာ အသုံးပြုနိုင်ပါတယ်။ ဖိုင်အရွယ်အစားက 63.4MB ပဲရှိပါတယ်။ Rating ကတော့ 4.6 ထိရရှိထားပါတယ်။

 

Source – intoLive – Live Wallpapers

,

Leave a Reply

Your email address will not be published. Required fields are marked *