ကင်မရာ ၄ လုံးပါတဲ့ Galaxy A9 က ဖုန်းတစ်ခုထက်ပိုကြောင်းပြောလာတဲ့ Samsung

Samsung က A9 ကို ဖုန်းတစ်ခုထက်ပိုတယ်လို့တောင် ညွှန်းထားတဲ့ ပုံကို ကြည့်ရရင် တကယ်ပဲ ဖုန်းတစ်ခုထက် ပိုမယ့်ပုံပါပဲ။ A9 အကြောင်းကို စိတ်ဝင်စားရင် ဆက်ပြီး ဖတ်ကြည့်သွားပေးပါနော်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကင်မရာ ၄ လုံးနဲ့ Galaxy A9 ကို Samsung မှ မိတ်ဆက်ပေးခဲ့ပါတယ်။ ကင်မရာ ၄ လုံးပါရှိတဲ့ စမတ်ဖုန်းဟာ အခုအချိန်မှာ ကမ္ဘာ့ ပထမဦးဆုံးဖုန်းပါပဲ လို့ Samsung ရဲ့ အဆိုအရ သိရပါတယ်။ အဆိုပါ ဖုန်းဟာ Huawei ရဲ့ Mate 20 စီးရီး နှင့် P20 Pro ကို ကျော်တက်နိုင်ရုံသာမက LG ရဲ့ V40 ThinQ ကိုပါအနိုင်ယူနိုင်သွား တဲ့ ဖုန်းပါ။

“ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ Samsung က သူ့ရဲ့ စမတ်ဖုန်းတွေကို ဖုန်းခေါ်ဖို့ထက် စာရိုက်တာကို ဦးစားပေးခဲ့တာပါ။ နောက်ပိုင်း ဓာတ်ပုံတွေက ကမ္ဘာသုံး ဘာသာစကားဖြစ်လာတာကြောင့် အခုအချိန်မှာ ကင်မရာက စမတ်ဖုန်းတွေအတွက် အဓိကဦးစားပေး ဖြစ်လာပါပြီ”

လို့ Samsung ရဲ့ Product Marketing Manager ဖြစ်သူ Ellie Nicolle Huang မှပြောပါတယ်။

ကင်မရာ ၄ လုံး အကြောင်း မိတ်ဆက်

A9 ရဲ့ ကင်မရာ ၄လုံးထဲက တစ်ခုက 24 megapixel ရှိတဲ့ main camera ဖြစ်ပါတယ်။ သူက ကြည်ကြည်လင်လင်နဲ့ လင်းလင်းထင်းထင်းရှိတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်စွမ်းရှိပါတယ်။

ဒုတိယ တစ်ခုကတော့ 120 ဒီဂရီ လှည့်နိုင်တဲ့ 8 megapixel ကင်မရာဖြစ်ပါတယ်။ သူက ခရီးထွက်ရင် တွေ့ရမယ့် မြင်ကွင်းကျယ် ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ Samsung မှ ပြောထားပါသေးတယ်။ 120 ဒီဂရီတောင်ဆိုတော့ မြင်ကွင်း ဘယ်လောက်ကျယ်ကျယ် အကုန်လုံး ဓာတ်ပုံထဲပါလာအောင် ရိုက်နိုင်ပြီပေါ့။

နောက်တစ်လုံးက 2x option zoom နဲ့ 10 megapixel ကင်မရာလည်းဖြစ်ပါတယ်။ နောက်ဆုံးတစ်လုံးကတော့ Live Focus တွေကို blurred နောက်ခံနဲ့ ရိုက်ကူးဖို့ 5 megapixel ရှိတဲ့ “depth camera” ဖြစ်ပါတယ်။ အဲ့တော့ ကိုယ် အလေးပေးချင်တဲ့ နေရာလေးကိုပဲကွက် ထားပြီး တခြား မြင်ကွင်းတွေကို ဝါးတားတားလေး လုပ်လို့ ရပြီပေါ့နော်။ အခုဖော်ပြသွားတာက အနောက်ဘက် ကင်မရာ ၄ ခု အကြောင်းပါ။ သူတို့ အပြင် အပြင် 24 megapixel ရှိတဲ့ Al ရှေ့ကင်မရာလည်း ပါဝင်ပါတယ်။

Galaxy A9 မှာ Android 8.0 Oreo run မှာ ဖြစ်ပြီး သူ့ကို oct-core processor တပ်ထားပါတယ်။ ဘက်ထရီကတော့ 3800 mAh ကိုသုံးမှာ ဖြစ်ပါတယ်။ RAM 6GB ရှိပြီး internal storage က 128 GB ကို 512 GB ထိချဲ့လို့ ရပါတယ်။ အရွယ်အစား 6.3 လက်မရှိတဲ့ Super AMOLED display ဖြစ်ပြီး resolution က 1080 x 2220 ရှိပါတယ်။ ကျောဘက်ကို အနည်းငယ်  ပြောင်ပြောင်လေးဖြစ်နေစေဖို့အတွက်မှန်ကို အသုံးပြုထားပါတယ်။

Samsung Galaxy A9 ကို ဖိလစ်ပိုင်မှာ ဒီဇင်ဘာ ၁ရက်နေ့မှာ စဝယ်နိုင်တော့မယ်လို့သိရပြီး ဈေးနှုန်းကတော့ P32,999 (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ မြန်မာပြည်ကိုတော့ သိပ်မကြာခင် အချိန်မှ ရောက်လာမယ်လို့ သိရပါတယ်။

Via

,

Leave a Reply

Your email address will not be published. Required fields are marked *