Apple မှ အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်ကို ပြန်လည်ဖြေရှင်း

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၈ ရက်နေ့က Apple ကုမ္ပဏီမှ အသုံးပြုသူတွေထံ အကြောင်းကြားစာ တစ်ခုရေးသားခဲ့ပါတယ်။ Apple ဖုန်းတွေမှာ အသုံးပြုတာကြာမြင့်နေပြီဖြစ်တဲ့ battery ဟောင်းတွေကိုအသုံးပြုထားတယ် ဆိုတဲ့ အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်ကို ပြန်လည်ဖြေရှင်းပေးဖို့ အတွက်ဖြစ်ပြီး အသုံးပြုသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမိတဲ့အတွက်လည်း တောင်းပန်ပါတယ်လို့ ပြောကြားထားပါတယ်။Apple ရဲ့ ပြောကြားချက်အနည်းငယ်ကို ဘာသာပြန်ပေးထားပါတယ်။

                                                                                  Source : Apple 

“ကျွန်တော်တို့ Apple ရဲ့ ထုတ်ကုန်တွေကို ဘယ်တော့မှ ရည်ရွယ်ချက်ရှိရှိနဲ့ သက်တမ်းမတိုစေချင်ခဲ့ပါဘူး။ အသုံးပြုသူများလာလို့ အရည်အသွေးချပစ်မယ့် ဆိုတဲ့ လုပ်ရပ်မျိုး လည်း ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က သုံးစွဲသူတွေ ချစ်တဲ့ ထုတ်ကုန်တွေထုတ်လုပ်ပေးဖို့ နဲ့ iPhone ကို ပို၍ပို၍ ကြာရှိခံစွာ အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။”လို့ပြောကြားခဲ့ပါတယ် ။ ထို့နောက် battery သက်တမ်းတို ရတဲ့ အကြောင်း နဲ့ ရုတ်တရက် shutdown ဖြစ်ခြင်းကို ကာကွယ်ခြင်း အကြောင်းကို ဆက်လက်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်က Apple ဟာ iPhone6, iPhone6 plus, iPhone6s, iPhone6s plus တွေအတွက် iOS 10.2.1 software update ကိုပြုလုပ်ခဲ့ပါတယ်။ Version 10.2.1 အတွက် တုံ့ပြန်ချက်ကောင်းတွေရရှိခဲ့ပြီး အလိုအလျောက် shutdown ဖြစ်ခြင်းကို လျော့ချနိုင်ခဲ့ပါတယ်။ မကြာသေးမီကပဲ ထပ်မံပြီး iPhone7 နဲ့ iPhone7 plus အတွက် version 11.2 ထောက်ပံ့ခဲ့ပါတယ်။ ထို့နောက် အသုံးပြုသူတွေထံမှ iPhone ရဲ့ အချို့လုပ်ဆောင်ချက်တွေ နှေးကွေးတယ်ဆိုတဲ့ တုံပြန်ချက်တွေ ထွက်ရှိခဲ့ပါတယ်။ Apple က တော့
software update လုပ်ခြင်းနဲ့ application updates တွေကြောင့်ဖြစ်တဲ့ အသေးစားစက်ချို့ယွင်းမှုလေးဖြစ်တယ်လို့ ပြော ကြားခဲ့ပါတယ်။၂၀၁၈ ခုနှစ်ကနေစတင်ပြီး Apple ဟာ iPhone 6 နဲ့ 6အထက် ဖုန်းတွေအတွက်  သက်တမ်း ကုန်နေတဲ့ battery တွေကို $79 ကနေ $29 အထိ $50 လျော့ပြီး ရောင်းချပေးမယ်လို့ သိရှိရပါတယ်။ဒါ့အပြင် ၂၀၁၈ နှစ်အစပိုင်းကစပြီး features အသစ်တွေနဲ့ battery ကို ပိုမိုကျန်းမာစေမယ့် software update ကို ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။ Apple ဟာ လူကြိုက်များတဲ့ ထုတ်ကုန်တွေနဲ့ နာမည်တစ်ခုရရှိထားတဲ့ company တစ်ခုဖြစ်ပါတယ်။

,

Leave a Reply

Your email address will not be published. Required fields are marked *