ဓာတ်ပုံတိုင်းကို လှပပြီး ထူးခြားတဲ့ ပုံတွေအဖြစ် ပြောင်းလဲပေးမယ့် Adobe Lightroom CC

Adobe application တွေက စွမ်းဆောင်ရည် ပြည့်ဝကြပြီး အသုံးပြုရတာလဲ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ သူထုတ်လုပ်တဲ့ apk တွေက photoshop apk တွေ တော်တော်လေးများပါတယ်။ အားလုံးကလည်း သူ့ဟာနဲ့သူ အသုံးပြုရတာ မိုက်ကြတဲ့အတွက်စာရေးသူအနေနဲ့ Adobe ကို “mobile photoshop apk တို့ရဲ့ ဘုရင်” လို့တောင် တင်စား ခေါ်ဝေါ်ချင်ပါတယ်။

အခု မိတ်ဆက်ပေးမှာလည်း Adobe Photoshop apk တွေထဲက တစ်ခုအကြောင်းပဲဖြစ်တဲ့အတွက် Adobe ရဲ့ ပရိသတ်တစ်ယောက်ဆိုရင် ဆက်ပြီး ဖတ်ကြည့်သွားနိုင်ပါတယ်နော်..

Adobe Lightroom CC က မိုလ်ဘိုင်းဖုန်းတွေအတွက် ဓာတ်ပုံတွေ ရိုက်ကူးတာတို့ ဓာတ်ပုံတွေပြန်ပြင်တာတို့ လုပ်တဲ့နေရာမှာ အရမ်းတော်ပါတယ်။ သူ့ကို အခမဲ့လည်း အသုံးပြုနိုင်ပေမယ့် ပိုကောင်းတဲ့ features တွေအတွက် premium update လုပ်ပေးဖို့လိုပါတယ်။

Adobe Lightroom CC ထဲမှာ ဓာတ်ပုံတွေကို ရိုက်ကူးတဲ့နေရာမှာ စွမ်းဆောင်ရည်ပြည့်ဝပြီး ထိန်းချုပ်နိုင်ဖို့ အတွက် DNG raw format, Exposure နှုန်းကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ HDR (High Dynamic Range) mode တို့ကို အသုံးပြုနိုင်ပါတယ်။ နောက်တစ်ခု လိုအပ်တာက Photoshop magic ကို five specially formulated presets လုပ်ထားရပါမယ်။ အဲ့တာမှ သင် ပုံရိပ်တစ်ခု ရိုက်ကူးလိုက်တိုင်း effects တွေတစ်ခါတည်း ပေါ်လာမှာပါ။

 

စက္ကန့်ပိုင်းအတွင်းမှာပဲ ထိရောက်တဲ့ adjustments တွေ corrections တွေ နဲ့ Tools တွေ အများကြီးအသုံးပြုနိုင်ပါတယ်။ Color ချိန်ညှိပေးဖို့ Tone Curve, Exposure, Tone နဲ့ Contrast စတဲ့ သင်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ tools တွေကို တွေ့ရမှာပါ။ Adobe Photoshop apk တွေတိုင်းမှာ သူ့စွမ်းဆောင်ရည်နဲ့ သူရှိတဲ့အတွက် အများကြီး ပြောပြနေစရာမလိုအောင် သင်နဲ့ ရင်းနှီးပြီးသားဖြစ်နေမှာပါ။ Adobe Lightroom CC ကို အခမဲ့ ဒေါင်းလုတ်လုပ်နိုင်ပါတယ်။ Adobe online services တွေကို အသုံးပြုနိုင်ဖို့အတွက် Adobe ID ကိုစာရင်းသွင်းပေးနိုင်ပါတယ်။ စာရင်းပေးသွင်းထားရင် Lightroom CC ရဲ့ Gallary မှာ သင့်ရဲ့ ဓာတ်ပုံတွေကို လူတိုင်း မြင်ရမှာပါ။ (သူ့ကိုတော့ premium features မှာပဲ အသုံးပြုနိုင်လောက်ပါတယ်။) Adobe online services တွေ အတွက် အင်တာနက် ချိတ်ဆက်မှုတော့ ရှိထားရပါမယ်နော်။ နိုင်ငံတိုင်း ဘာသာစကားတိုင်းအတွက် အသုံးမပြုနိုင်တာကြောင့် အသိမပေးပဲ ရုတ်တရက် ချိတ်ဆက်မှုပြတ်တောက်သွားတွေ ဘာတွေ ဖြစ်တတ်ပါတယ်။

Android, iOS နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ Android အတွက် နာမည်က Adobe Photoshop Lightroom CC ဖြစ်ပြီး iOS အတွက်တော့ နာမည်ကတော့ Adobe Lightroom CC ပဲဖြစ်ပါတယ်။ Play Store နဲ့ APP Store တို့မှာ အခမဲ့ ဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်။

 

Download link – Android/IOS

,

Leave a Reply

Your email address will not be published. Required fields are marked *