ဓာတ်ပုံတွေကို အကောင်းဆုံးပြင်ဆင်ပေးမယ့် Adobe Photoshop Express

ဓာတ်ပုံကောင်းတစ်ပုံရရှိဖို့ Photo edit လုပ်တဲ့ application မရှိမဖြစ်လိုအပ်ပါတယ်။ Adobe Photoshop express က photo edit လုပ်တဲ့ application တွေ အများကြီးထဲကမှ functions တော်တော်စုံတဲ့ application လို့ပြောလို့ရပါတယ်။ Effects ထည့်ထားတာနဲ့ မတူပဲ တကယ့် original ဓာတ်ပုံအတိုင်း ဖြစ်အောင် edit နိုင်မှာပါ။

အမိုက်စား editing tools တွေအများကြီးနဲ့ သင့်ရဲ့ ဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားနေစေမှာဖြစ်တယ်။ Filter or looks, Crop, Auto – Fix, Corrections, Red eye to pet eye, Text styles, Frame စတဲ့ edit လုပ်တဲ့ tools တွေ အများကြီးပါဝင်မှာဖြစ်တယ်။ Looks အမျိုးအစားတွေအဖြစ် Basic , B&W, Portrait, Nature, Pop Color,  Duo Tone တို့ပါဝင်မှာဖြစ်ပြီးအခြား အမျိုးအစားတွေကိုလည်း ထပ်မံ download လုပ်ယူနိုင်ပါတယ်။

Text styles တွေ photo frames တွေလည်း အများကြီး ပါဝင်လို့ လုံးဝကို perfect ဖြစ်တဲ့ Photoshop application တစ်ခုဖြစ်တယ်။ Edit ပြီးသား ဓာတ်ပုံတွေကို collage လုပ်ယူလို့ရပြီး Grids, Freedom, Shapes ခေါင်းစဉ်နဲ့ အမျိုးအစား styles တွေအများကြီး ပါဝင်ပါသေးတယ်။

အရမ်းကို များပြားလှတဲ့ designs တွေနဲ့ functions တွေကို ထည့်သွင်းပေးထားလို့ တစ်ခုတည်းနဲ့ကို ပြည့်စုံတဲ့ application ဖြစ်တယ်။ အရမ်းမိုက်တဲ့ အခြားအရာတွေလည်း အများကြီးရှိဦးမှာ ဖြစ်လို့ ကိုယ်တိုင်စမ်းပြီး အသုံးပြုကြည့်ဖို့ အကြုံပြုချင်ပါတယ်။Android နှင့် iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ Android အတွက် version 4.4 နှင့်အထက်၊ iOS အတွက် ios 9.3 နှင့်အထက်တွင်အသုံးပြုနိုင်ပါတယ်။

Notes –  iOS တွင်သာ collage လုပ်နိုင်မှာဖြစ်ပြီး Android အတွက် collage လုပ်တဲ့ feature

မပါဝင်သေးပါ။

ဓာတ်ပုံများကို Android Adobe Photoshop Express မှ ပုံများနှင့် iOS Adobe Photoshop Express မှပုံများကို ရောပြီးဖော်ပြပေးထားပါတယ်။ အသုံးပြုရတာ အဆင်ပြေပြီး ဓာတ်ပုံကောင်းတွေ ဖန်တီးနိုင်ကြပါစေ။

 

 

 

Image Source – Adobe Photoshop Express:Photo Editor Collage Maker

,

Leave a Reply

Your email address will not be published. Required fields are marked *