တက်ကြွလှပတဲ့ Video တွေကို အချိန်ပိုင်းအတွင်း ဖန်တီးနိုင်မယ့် Adobe Spark Video

Video တွေက ဓာတ်ပုံတွေလိုပဲ ကြည်နူးဖွယ်ရာ အမှတ်တရတွေကို မှတ်တမ်းတင် သိမ်းဆည်းထားလို့ရတဲ့ အရာတွေဖြစ်ပါတယ်။ တည်ငြိမ်နေတဲ့ ဓာတ်ပုံတွေထက် လှုပ်ရှားနေတဲ့ video တွေကို အချို့က ပိုကြိုက်ကြပါတယ်။ အဲ့တာကြောင့် အခုတစ်ခေါက်မှာ ဓာတ်ပုံတွေကို မဟုတ်ပဲ video တွေကို edit လုပ်လို့ရတဲ့ application Adobe Spark ကို ရွေးချယ် မိတ်ဆက် ပေးထားပါတယ်။

Adobe Spark Video က App Store ရဲ့ Editor’s Choice – Best New App ဆုကိုရရှိထားတဲ့ video editing App ဖြစ်ပါတယ်။ ကြွရွလှပတဲ့ video တွေဖန်တီးနိုင်ပြီး ကိုယ့်ရဲ့ ပျော်ရွှင်စရာ အမှတ်တရတွေ သိမ်းဆည်းလို့ရနိုင်ပါပြီ။

Adobe Spark ရဲ့ ချစ်ဖို့ကောင်းတဲ့ လုပ်ဆောင်ချက်တွေက –

  • Video တွေကို မြန်ဆန်လွယ်ကူစွာလုပ်ဆောင်နိုင်ခြင်း
  • ဆွဲဆောင်မှုရှိသော video ထဲသို့ အခြားvideo ဖိုင်များ ၊ icon များ နှင့်
    ဓာတ်ပုံများထပ်ပေါင်းထည့်နိုင်ခြင်း
  • Video ထဲသို့ ကိုယ်ပိုင်အသံများ ထည့်သွင်းနိုင်ခြင်း
  • ဖန်တီးမှုကို ပိုမိုသက်ဝင်လှုပ်ရှားစေမယ့် Theme ပုံစံ ဒီဇိုင်းများ ထည့်သွင်းပေးနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ့်စိတ်ကြိုက် video တွေကို website, blog နဲ့ page တွေမှာ ဝေမျှလို့ရပါသေးတယ်။

Adobe Spark နဲ့

  • Marketing ( အရောင်း) video များ
  • Facebook ကြော်ငြာများ
  •  Instagram videos, Social media videos
  • ကျောင်း ပရောဂျက်များ
  •  စီးပွားရေးကြော်ငြာများ
  •  Crowdfunding videos
  • ပုံပြင် videos များ
  • Team updates
  • ထုတ်ကုန်ပြပွဲများ
  •  Reports များ
  • Tutorials များ
  •  ပွဲဖိတ်ခေါ်ချက်များ
  • ကြေညာချက်များ
  • အထိမ်းအမှတ်ပွဲပုံရိပ်များ  စတဲ့ video ဖန်တီးမှုတွေကို အများဆုံး ပြုလုပ်ကြပါတယ်။

ဈေးနှုန်းကတော့ အခမဲ့ပါ။ ပိုကောင်းမွန်တဲ့ Premium feature ကိုဝယ်ယူချင်ရင် iTunes account နဲ့ တစ်လကို ၁၃၂၈၆ ကျပ် (ခန့်မှန်းခြေ) ပေးပြီးဝယ်ယူနိုင်ပါတယ်။ iOS တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်ပါတယ်။ ခုမှစပြီးအသုံးပြုတာဆိုရင် facebook account (သို့) Google account နဲ့ အရင် log in လုပ်ပေးဖို့လိုအပ်ပါတယ်။ Android အတွက်ကတော့မကြာခင်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

 

Download link – Adobe Spark Video

,

Leave a Reply

Your email address will not be published. Required fields are marked *