သင့်ရဲ့မျက်နှာနဲ့တူတဲ့ ကိုယ်ပိုင် စတစ်ကာ လေးတွေ ပြုလုပ်လို့ရတဲ့ AiMee

ဒီတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ သင့်ရဲ့မျက်နှာနဲ့ ကိုယ်ပိုင် စတစ်ကာလေးတွေ ပြုလုပ်လို့ရတဲ့ Aimee application ပဲဖြစ်ပါတယ်။ ကိုယ်ပိုင် စတစ်ကာဖန်တီးဖို့ အတွက် အရင်ဆုံး သင့်မျက်နှာနဲ့ selfie တစ်ပုံရိုက်ရမှာဖြစ်ပါတယ်။ ရိုက်ပြီးရင်တော့ သင်မျက်နှာနဲ့ စတစ်ကာလေးတွေကို AiMee ကဖန်တီး ပေးသွားမှာပါ။

Free အသုံးပြုနိုင်တဲ့ စတစ်ကာတွေ အများကြီးပါဝင်မှာဖြစ်ပြီး ငွေ နဲ့ဝယ်ရတဲ့ စတစ်ကာတွေလည်း ပါဝင်မှာပါ။ သင့်မျက်နှာနဲ့ စတစ်ကာတွေကို အလွယ်တကူ download လုပ်ယူနိုင်သလို facebook, messenger, Instagram, viber နဲ့ we chat က သူငယ်ချင်းတွေထံလည်း ဝေမျှလို့ရပါတယ်။

အသုံးပြုရတာလွယ်ကူပြီး သင့် Selfie ပုံတစ်ခုတည်းနဲ့ အမူအရာ အမျိုးမျိုးရှိတဲ့ ကာတွန်းရုပ်ပုံ တွေကို ပြုလုပ်နိုင်တဲ့အတွက် အရမ်းမိုက်ပါတယ်။ ပထမဦးဆုံးအသုံးပြုတဲ့သူဆိုရင်တော့ သင့်ရဲ့စတစ်ကာမျက်နှာကို စမြင်လိုက်တာနဲ့ အရမ်းကိုတူလွန်းလို့ အံ့အားသင့်သွားမှာပါ။ စတစ်ကာတစ်ခုချင်းစီ မသုံးချင်ပဲ အတွဲလိုက်တစ်စုတစ်စည်းတည်းသုံးချင်ရင် setting ထဲက keyboard setting မှာ AiMee Keyboard ကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။

AiMee က နေ့စဉ်နေ့တိုင်း ချစ်စရာကောင်းတဲ့ သင့်မျက်နှာပုံစံ နဲ့ စတစ်ကာလေးကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စတစ်ကာရုပ်တွေကို ဆံပင်ပုံစံ၊ မျက်လုံးပုံစံ၊ မျက်နှာပုံစံ၊ မျက်ခုံးပုံစံနဲ့ အခြား accessories တွေ ပုံစံတွေပါ ပြောင်းလဲထည့်သွင်းပေးနိုင်ပါသေးတယ်။ အားလုံးစိတ်ဝင်စားနိုင်မယ့် application လေးဖြစ်တာမို့ မိတ်ဆက်ပေးလိုက်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ Android version 4.0.3 နဲ့ iOS version 8.0 နှင့်အထက်ရှိရင် အသုံးပြုနိုင်ပါပြီ။

 

 

Image Source : AiMee

, ,

Leave a Reply

Your email address will not be published. Required fields are marked *