မော်ဒယ်အသစ်စမတ်ဖုန်း ၃ မျိုးကိုဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာမိတ်ဆက်သွားမယ့် Alcatel

Alcatel အနေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ MWC 2018 မှာ မော်ဒယ်အသစ်စမတ်ဖုန်း ၃ မျိုးဖြစ်တဲ့ Alcatel 5, Alcatel 3v, Alcatel 1x တို့ကိုမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ Acatel USA မှတရားဝင်ကြေညာထားတာပါ။ Alcatel အနေနဲ့ မော်ဒယ်အသစ်စမတ်ဖုန်းတွေရဲ့ ပုံရိပ်ကလွဲလို့ ဖုန်းတွေနဲ့သက်ဆိုင်တဲ့ တခြားအကြောင်းအရာတစ်စုံတစ်ခုမှဖော်ပြထားခြင်းမရှိသေးပါဘူး။

ဖော်ပြပါပုံကိုကြည့်မယ်ဆိုရင် Alcatel 3v နဲ့ Alcatel 1x တို့ရဲ့ဒီဇိုင်းဟာအနည်းငယ်ဆင်နေပြီး Alcatel 5 ကတော့ကွဲထွက်နေတာကိုတွေ့ရမှာပါ။ ဒီအချက်ကိုကြည့်ရင် Alcatel 5 ဟာ High-end အမျိုးအစားလောက်ဖြစ်သွားပြီး Alcatel 3v နဲ့ Alcate 1x တို့ဟာ Mid-range အမျိုးအစားလောက်ဖြစ်သွားမယ်လို့ခန့်မှန်းလို့ရနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေက အတိအကျမထွက်ရှိလာသေးတာကြောင့် ပြောဖို့ကတော့စောနေပါသေးတယ်။ Alcatel မော်ဒယ်အသစ်တွေရဲ့ တိကျတဲ့သတင်းတွေကို မကြာခင်ရက်အနည်းငယ်အတွင်းမှာမိတ်ဆက်သွားဖို့ အစီအစဉ်ရှိတာကြောင့် ဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။

 

Source

,

Leave a Reply

Your email address will not be published. Required fields are marked *