iOS App တွေရဲ့ update တွေအားလုံး iPhone X အတွက် ထောက်ပံ့ပေးရတော့မယ်

Apple က App Store မှာတင်ထားတဲ့ App တွေအားလုံး ရဲ့ update ကို iPhone X နဲ့ iOS version 11 အတွက် ထောက်ပံ့ပေးရမယ်လို့ developer တွေဆီ အကြောင်းကြားစာ တစ်ခုတင်ခဲ့ပါတယ်။ အခုထုတ်ပြန်ချက်က ဒုတိယအကြိမ် ထုတ်ပြန်ချက်ဖြစ်ပြီး ဖေဖော်ဝါရီလတုန်းကလည်း အသစ်ထွက်ရှိမယ့် App တွေအားလုံး iPhone X အတွက် Hardware/ Software ပိုင်းတွေမှာ ထောက်ပံ့ပေးရမယ်လို့ ပြောခဲ့ဖူးပါတယ်။ အဲ့တုန်းကတော့ App အသစ်တွေအတွက်ပဲ ရည်ညွှန်းပြီး ပြောခဲ့တာဖြစ်ပေမယ့် အခုတစ်ခေါက်မှာတော့ အဟောင်းတွေအတွက်ပါ ပါလာတာကိုတွေ့ရပါတယ်။

Apple developer စာမျက်နှာမှာရေးထားတာကို ဘာသာပြန်ပေးထားပါတယ်။

“iOS 11 က ကမ္ဘာတစ်ဝှမ်းက customer သန်းပေါင်းများစွာထံကို ပြန်လည် ပုံဖော်ထားတဲ့ App Store ဒီဇိုင်းအသစ်နဲ့ ဆန်းသစ်တဲ့ feature တွေကို ဖြန့်ဝေပေးလျှက်ရှိပါတယ်။ ခင်ဗျားတို့ရဲ့ app တွေ ကလည်း Core ML, ARKit, new camera APIs, new SiriKit domains, Apple Music integration, dragand drop for iPad, စတဲ့ feature တွေနဲ့ အတူ ပိုပြီးစွမ်းဆောင်ရည်ပြည့်ဝတဲ့ စွဲမက်ဖွယ်အတွေ့အကြုံတွေကို ဖြန့်ချီ နိုင်ပါတယ်။၂၀၁၈ ခုနှစ် ဇူလိုင်လ မှစပြီး App Store မှာ တင်သွင်းထားတဲ့ iOS app update တွေကို iOS 11 SDK (software development Kit) နဲ့ တည်ဆောက်ပြီး iPhone X ရဲ့ “Super Retina” display ကိုထောက်ပံ့ပေးရပါမယ်”
Source: developer.apple.com

အခုအကြောင်းအရာက “Notch” ဒီဇိုင်းကြောင့် Application တိုင်းကို အသုံးမပြုနိုင်တဲ့ iPhone X ပိုင်ရှင်တွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။ နာမည်ကြီး App တွေကတော့ iPhone X အတွက် update တွေလုပ်ဆောင်ပြီးနေပေမယ့် App Store မှာ မလုပ်ရသေးတဲ့ App တွေ တော်တော်များများ ရှိနေပါသေးတယ်။

iPhone X က “Notch” display နဲ့ ထွက်ရှိထားတဲ့ Apple ရဲ့ တစ်ခုတည်းနဲ့ ပထမဦးဆုံးဖုန်းဖြစ်ပြီး နောက်ထပ် “Notch” ဒီဇိုင်းနဲ့ မျိုးဆက်သစ်ဖုန်းတွေ ထပ်ပြီး ထွက်ရှိဖို့ ရည်ရွယ်ထားပါသေးတယ်။ အဲ့တာကြောင့် App developer တွေကို အခုလိုပဲ iPhone X အတွက် update တွေ လုပ်ခိုင်းနေရတာလို့ထင်ပါတယ်။

 

Via

,

Leave a Reply

Your email address will not be published. Required fields are marked *