Google ကအလုပ်ထွက်ပြီး Facebook မှာအလုပ်ဝင်နေပြီဖြစ်တဲ့ Allo နဲ့ Duo product ခေါင်းဆောင်

Google Allo, Google Duo အစရှိတဲ့ Messaging Application တွေထုတ်လုပ်တဲ့အခါမှာခေါင်းဆောင်ဖြစ်ခဲ့သူ Amit Fulay ဆိုသူဟာGoogle company ကအလုပ်ထွက်ပြီး ဇန်နဝါရီလ ၈ ရက်နေ့က Facebook မှာစတင်အလုပ်ဝင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့သူ့ရဲ့ကိုယ်ပိုင် Twitter account ကနေဖော်ပြထားတာဖြစ်ပါတယ်။

Facebook မှာ ဘာရာထူးနဲ့ဝင်ရောက်ခဲ့တာလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ အဲ့လိုပဲ Google ဟာလည်း Fulay နေရာမှာ ဘယ်သူ့ကိုအစားထိုးသွားမလဲဆိုတာလည်းမသိရသေးပါဘူး။ မကြာခင်မှာပဲ စိတ်ဝင်စားစရာသတင်းတွေကစောင့်ကြိုနေမှာတော့အမှန်ပါပဲ။

Google Allo နဲ့ Google Duo application နှစ်ခုအတွက် article  ကျွန်တော်တို့ Asiaapps မှာတော့မရှိသေးဘူးဗျ။ အခုလောလောဆယ်မရှိသေးပေမယ့် မကြာခင်အချိန်မှာ Website ပေါ်ရောက်ရှိလာမှာဖြစ်တာကြောင့်စိတ်ဝင်စားရင်စောင့်ကြည့်နိုင်ပါတယ်။ Download ဆွဲပြီးစမ်းသုံးချင်သူတွေကတော့ အောက်ပါ လင့်ကနေသွားရောက်နိုင်ပါတယ်။

 

Google Allo – Android/IOS (Free)

Google Duo – Android/IOS (Free)

, ,

Leave a Reply

Your email address will not be published. Required fields are marked *