Oreo update ရောက်ရှိလာတော့မယ့် Vivo Smartphone အချို့

HTC, Samsung, Honor, Nokia တို့အပါအဝင် Smartphone ထုတ်လုပ်တဲ့ကုမ္ပဏီတော်တော်များများက သူတို့ရဲ့ ထုတ်ကုန်တွေကို Android ရဲ့နောက်ဆုံး Version ဖြစ်တဲ့ Oreo အဆင့်နဲ့ကိုက်ညီမှုရှိအောင်ပြောင်းလဲနေကြပြီဖြစ်ပါတယ်။ အခုဆိုရင် ထုတ်ကုန်တော်တော်များများကိုကိုက်ညီမှုရှိအောင်ပြောင်းလဲနေပြီးပါပြီ။ ကျွန်တော်တို့ Asiaapps မှာလည်း Oreo update ရရှိနေပြီဖြစ်တဲ့ Smartphone တော်တော်များများကိုလည်းဖော်ပြပြီးနေပြီဖြစ်ပါတယ်။

Vivo အနေနဲ့ ဒါဟာ Oreo update အတွက်ခြေလှမ်းအစပဲဖြစ်ပါတယ်။ Oreo update ရောက်ရှိလာမှာကတော့ Vivo ရဲ့ X-series ထဲကဖြစ်ပြီး  vivo X20, vivo X20 Plus, vivo X9s, vivo Xplay6, vivo X9, vivo X9s Plus, vivo X9 Plus အစရှိတဲ့ Smartphone တွေကိုရောက်ရှိလာမှာပါ။

Funtouch OS upgrade အနေနဲ့ရောက်ရှိလာမှာဖြစ်ပြီး၂၀၁၈ ဧပြီလမှာ vivo X20 ကအရင်ဆုံးရရှိမှာဖြစ်ပါတယ်။ X20 ပြီးရင်ကျန်ရှိတဲ့ Smartphone တွေအလှည့်ပေါ့ဗျာ။ ဧပြီလမှာတော့ ထုံးစံအတိုင်း Beta အဆင့်နဲ့ပဲရောက်ရှိလာဉီးမှာပါ။ Beta အဆင့်တွေမှာအောင်မြင်ခဲ့ရင်တော့ တရားဝင် update ထွက်ရှိလာမှာပဲဖြစ်ပါတယ်။

 

Source (China)

, ,

Leave a Reply

Your email address will not be published. Required fields are marked *