Android P မှာပါဝင်မယ့် Power-saving tool အသစ်ကို Google I/O မှာမိတ်ဆက်လိုက်ပြီ

မကြာခင်ရောက်ရှိလာတော့မယ့် Android Operating System (OS) အသစ် “Android P” မှာပါဝင်မယ့် Power-saving tool အသစ်ကို မေလ ၈ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ Google I/O မှာတရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

Google I/O ဆိုတာဘာလဲ?

Google I/O ဆိုတာကတော့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Developer conference တစ်ခုဖြစ်ပြီး Google ရဲ့ Hardware, Software နဲ့ update အသစ်တွေကို ကြေညာလေ့ရှိတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ၂၀၁၈ မေလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကယ်လီဖိုးနီးယားမှာကျင်းပသွားမှာပဲဖြစ်ပါတယ်။

Google I/O ပွဲအကြောင်းသိပြီးပြီးဆိုတော့ ပွဲမှာမိတ်ဆက်သွားတဲ့ OS အသစ် Android P မှာပါဝင်မယ့် Power-saving tool ကြောင်းစတင်ပါရစေ။ Power-saving tool အသစ်ရဲ့အမည်ကိုတော့ “App Standby Buckets” လို့ပေးထားပါတယ်။ Power-saving tool လို့ကြားလိုက်လို့ တော်တော်များများက Android P ဆိုတဲ့ OS အသစ်မှာဘက်ထရီသက်တမ်းရှည်အောင် ဖန်တီးပေးမယ့် Tool ပါမယ်လို့ ထင်ကောင်းထင်နေမှာပါ၊ ဒါပေမယ့် လက်တွေ့မှာတော့ မိတ်ဆွေထင်သလိုမဟုတ်ပါဘူး။ Power Saving ဆိုတာထက် Power ကို efficiency ဖြစ်အောင် စီမံခန့်ခွဲပေးမယ့် tool လို့ဆိုရမှာပါ။ ဘက်ထရီသက်တမ်းကိုမြှင့်တင်ပေးတဲ့ ပုံစံမျိုးမဟုတ်ပဲ ဘယ်နေရာမှာ ဘက်ထရီအကုန်ခံမလဲဆိုတာကို စီမံပေးမယ့် Tool ပါ။ (မိတ်အသုံးများဆုံး App အတွက်ဘက်ထရီကို ပိုသုံးပေးမယ်၊ အသုံးနည်းတဲ့ App တွေအတွက် ဘက်ထရီအသုံးမပြုမိအောင်ထိန်းချုပ်ပေးမယ့်ပုံစံပါ။)

App Standby Buckets မှာ Active, Working set, Frequent, Rare နဲ့ Never ဆိုပြီးရွေးချယ်စရာ Option ၅ ခုရှိနေမှာဖြစ်ပါတယ်။ Active ကနေ Never အထိ အဆင့်အလိုက် ဘက်ထရီထိန်းချုပ်မှုအပိုင်းကကွာဟသွားမှာပါ။ အဲ့လို Efficiency ဖြစ်လှတဲ့ ဘက်ထရီစီမံခန့်ခွဲမှုကြောင့် ဘက်ထရီကုန်မှုအပိုင်းဟာ သာမာန်ထက် ၃၀ ရာခိုင်နှုန်းအထိသက်သာသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

လက်ရှိမှာတော့ Android P ဟာ Beta version အနေနဲ့ပဲထွက်ရှိပါသေးတာဖြစ်ပြီး Sony Xperia XZ2, Xiaomi Mi Mix 2S, Nokia 7 Plus, Oppo R15 Pro, Vivo X21 နဲ့ Essential Phone တွေမှာပဲ Android P beta version ကို Download လုပ်နိုင်ပြီလို့သိရှိရပါတယ်။ ဒါ့အပြင် မကြာခင်ထွက်ရှိတော့မယ့် OnePlus 6 မှာလည်း Beta version ကို Download လုပ်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ Stable version ကိုအသုံးပြုချင်တယ်ဆိုရင် တော့အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရဉီးမှာဖြစ်ပါတယ်။

  • Setting > Adaptive Battery > Use Adaptive Battery ကို On ပြီး Power-saving tool အသစ်ကို အသုံးပြုနိုင်ပါပြီ။

 

 

Via 1, 2

 

, ,

Leave a Reply

Your email address will not be published. Required fields are marked *