AnTuTu ရဲ့ Benchmark စာရင်းမှာဖော်ပြခြင်းခံလိုက်ရတဲ့ Xiaomi ရဲ့”Blackshark” အမည်ရှိစမတ်ဖုန်း

Xiaomi နဲ့ Black Shark Technology တို့ပူးပေါင်းပြီးထုတ်လုပ်မယ့် “Blackshark” အမည်ရှိစမတ်ဖုန်းအမျိုးအစားအသစ်ရဲ့ Specification အချို့ကိုတော့ AnTuTu ဟာသူ့ရဲ့ Benchmark စာရင်းထဲမှာဖော်ပြလိုက်ပြီပဲဖြစ်ပါတယ်။

Blackshark စမတ်ဖုန်းမှာတော့ Qualcomm ရဲ့ Snapdragon 845 SOC ပါဝင်ပြီး GPU ပိုင်းက Andreo 630 ပါဝင်မှာပါ။ RAM 8GB နဲ့ 32 GB storage ပါဝင်မှာဖြစ်ပြီး Resolution ပိုင်းကို 2160 x 1080 pixel နဲ့မြင်တွေ့ရမှာပါ။ OS ပိုင်းကတော့ Android 8.0 Oreo နဲ့ရောက်ရှိလာမှာဖြစ်ပြီး Gaming စမတ်ဖုန်းအမျိုးအစားဖြစ်မယ်လို့လဲဆိုထားပါတယ်။ မြင်သာအောင်ပြောရရင်လက်ရှိ Gaming စမတ်ဖုန်းမှာနာမည်ကြီးနေတဲ့ Razor gaming smartphone ပုံစံမျိုးပါ။ တရုတ်ကြီး Xiaomi ကတော့လုပ်ချလိုက်ပြန်ပါပြီ။

AnTuTu benchmark

AnTuTu ဟာ Blackshark ရဲ့ Specs သာဖော်ပြခဲ့ပေမယ့် အသွင်အပြင်၊ စျေးနှုန်းနဲ့ ထွက်ရှိမယ့်ရက် တွေကိုတော့တစ်ခုမှဖော်ပြထားခြင်းမရှိသေးပါဘူး။ CPU, GPU, resolution, OS အစရှိတာတွေအားလုံးကမိုက်နေပေမယ့် Storage ပိုင်းက 32GB သာဖြစ်တာကြောင့် (Gaming စမတ်ဖုန်းအမျိုးအစားအနေနဲ့) အနည်းငယ်တော့နည်းနေပါသေးတယ်။ ဒီသတင်းမှာမှန်ကန်မှုရှိ/မရှိ နဲ့ပြောင်းလဲမှုအပိုင်းတွေကို ကျွန်တော်တို့အနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်နေရဉီးမှာဖြစ်ပါတယ်။

 

Via

,

Leave a Reply

Your email address will not be published. Required fields are marked *