App တစ်ခုတည်းနဲ့ ကမ္ဘာပတ်နိုင်မယ့် Guides by Lonely Planet

ဒီတစ်ခေါက်မှာတော့ ကမ္ဘာပတ်ဖို့ ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက် အထောက်အကူဖြစ်စေမယ့် App ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ အကယ်၍သင်က မြို့အသစ်တွေ အထူးသဖြင့် နိုင်ငံရပ်ခြားကို ခရီးထွက်ဖို့ စိတ်ဝင်စားတဲ့သူဆိုရင် ဒီapp လေးက တကယ့်ကို အသုံးဝင်မှာပါ။ ကမ္ဘာအနှံ့အပြားကို ခရီးထွက်ခြင်းက ဒေသခံနယ်ခံ လမ်းပြမပါရင် ခက်ခဲပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Lonely Planet ရှိနေပါပြီ။ အဲ့တာကြောင့် ကိုယ်သွားချင်တဲ့နေရာကို တစ်ယောက်တည်းခြေချလို့ရပြီပေါ့နော်။ သူ့ထဲမှာ အသုံးပြုသူတွေကို မြို့အသစ်တွေအကြောင်းနဲ့ အသစ်အသစ်သောအကြောင်းအရာတွေကို ထည့်သွင်းဖော်ပြပေးထားပါတယ်။

Lonely Planet App က အသုံးပြုသူတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့နေရာဒေသတွေကို အလွယ်တကူ ရှာဖွေနိုင်အောင် ကူညီပေးမှာပါ။ ဒါ့အပြင် app ထဲမှာ မတူညီတဲ့ ဘာသာစကား ၁၉ခုအတွက် phrases ၁၀၀၀ကျော်ကို audio form နဲ့ ဖော်ပြပေးမှာပါ ။ ဘာသာစကားတွေကလည်း ပြောရတာ လွယ်ကူတဲ့အတွက် သုံးရတာတော်တော် အဆင်ပြေပါတယ်။ အဲ့တာတင်မကသေးပါဘူး။ App ထဲမှာ စားသောက်ဆိုင်တွေ ဟိုတယ်တွေနဲ့တိကျတဲ့ exchange နှုန်းထားတွေကိုပါ ဖော်ပြပေးထားပါတယ်။

Guides by Lonely Planet ကို Android ရော iOS ရောအတွက် အသုံးပြုလို့ရနေပါပြီ။ App လေးက ခရီးထွက်ရင် လက်တွေ့အသုံးဝင်တဲ့အပြင် ခရီးမထွက်ပဲ ဒေဿန္တရ ဗဟုသုတတွေရချင်တဲ့သူတွေအတွက်လည်း တကယ့်ကို လေ့လာလို့ကောင်းမယ့် App လေးဖြစ်ပါတယ်။ သူ့ကို ဒေါင့်လုတ်လုပ်ခကတော့ အခမဲ့ပါ။ App ကို ဒေါင်းလုတ်လုပ်ပြီးရင် ကိုယ်သွားချင်တဲ့နေရာကို ရွေးပြီး ထပ်မံဒေါင်းလုတ်လုပ်ပေးရပါဦးမယ်။ တည်နေရာရဲ့ အချက်အလက်တွေကို ရယူဖို့ပါ။ အဲ့ဒီအဆင့်ပြီးရင်တာ့ offline အနေနဲ့ အသုံးပြုနိုင်ပါပြီ။ App ကောင်းလေးတစ်ခုဖြစ်လို့ စမ်းသုံးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Asiapps က ဘော်ဒါတို့ရေ ဘယ်လိုလဲ Guides For Lonely Planet နဲ့ ကမ္ဘာပတ် ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား။

  Download link- Android

– IOS

Leave a Reply

Your email address will not be published. Required fields are marked *