Face ID ကြော်ငြာကိုဟာသနှောပြီးဖန်တီးလိုက်တဲ့ Apple

Apple ဟာသူ့ရဲ့ iPhone X မှာမိတ်ဆက်ခဲ့တဲ့ Face ID feature ဟာဘယ်လောက်အထိကောင်းကောင်းမွန်မွန်အလုပ် လုပ်နိုင်ကြောင်းကို မတ်လ ၁၆ ရက်နေ့မှာ ချပြခဲ့တဲ့ ကြေညာအသစ်မှာသက်သေပြလိုက်ပြီပဲဖြစ်ပါတယ်။

ဒီကြေညာဟာ iPhone X ထွက်ရှိပြီး လအနည်းငယ်ကြာမှထွက်ရှိလာတယ် ဆိုပေမယ့်ကြည့်ကောင်းလှတဲ့ကြေညာတစ်ခုပါ။ Apple အနေနဲ့ အခုလို iPhone X ထွက်ရှိပြီး လပိုင်းအကြာလောက်မှ ဒီကြေညာကိုရုတ်တရက်ချပြတာဟာ iPhone X ထက် နောက်ပိုင်းထွက်ရှိမယ့် Device တွေမှာ Face ID တွေပါဝင်လာမယ်ဆိုတာကိုတစ်ဖက်လှည့်ဖော်ပြချင်တာကြောင့်လို့ပဲ ခန့်မှန်းမိပါတယ်။  Face ID Feature က iPhone X မှာကတည်းက Error ကင်းသလောက်နီးနီးဖြစ်နေတာကြောင့် upgrade လုပ်ဖို့တော့အစီအစဉ်ရှိလောက်မှာမဟုတ်ပါဘူး။

iPhone X ရဲ့နောက်ပေါက် မော်ဒယ်တွေအဖြစ်ထွက်ရှိလာမယ့် iPhone Xs, iPhone Xs Plus၊ iPhone SE ရဲ့နောက်ပေါက် မော်ဒယ် iPhone SE 2၊ iPhone 8 ရဲ့နောက်ပေါက် iPhone 9 အစရှိတဲ့ device တွေမှာ Face ID feature ပါဝင်လာနိုင်ဖို့ကိုမျှော်လင့်ထားလို့ရပါတယ်။ Apple နဲ့ပတ်သက်ပြီးထွက်ရှိနေတဲ့ ကောလဟာလတွေကို အခြေခံဖော်ပြထားတာကြောင့် လက်ရှိမှာ ဒီအချက်အလက် မှန်ကန်ဖို့ကို  ၄၀ ရာခိုင်နှုန်းလောက်ပဲအာမခံနိုင်ပါသေးတယ်။

 

Source (Apple)

, ,

Leave a Reply

Your email address will not be published. Required fields are marked *