ကြီးမားတဲ့ ပြဿနာရှိနေတဲ့ Apple iOS 12.1.2

Update တစ်ခု လုပ်တိုင်း ပြဿနာတတ်လေ့ရှိတဲ့ Apple ဟာ အခုတစ်ခေါက် iOS 12.1.2 မှာလည်း အသုံးပြုသူတွေအတွက် ပြောစရာတွေ ဖြစ်စေခဲ့ပါတယ်။ အကြောင်းကတော့ iOS 12.1.2 update ကို ပြုလုပ်လိုက်တဲ့ ကမ္ဘာတစ်ဝှမ်းက iPhone အသုံးပြုသူတွေဟာ cellular ချိတ်ဆက်မှု မရခြင်း၊ ဖုန်းဆက် ဖုန်းခေါ်လို့မရခြင်း၊ Wifi ချိတ်ဆက်မှု မရတော့ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဘယ်လိုတွေ ဖြစ်ကြတာလဲဆိုတာ သိချင်ရင်တော့ ဆက်ပြီး ဖတ်ကြည့်ပေးသွားပါနော်။

iOS 12.1.2 ကို upgrade လုပ်ခဲ့တဲ့ iPhone ပိုင်ရှင်တွေဟာ mobile data ဝန်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး အခု အချိန်မှာတော့ တော်တော်လေး ရေကြီးနေကြပါတယ်။ အဲ့တာကြောင့် အကယ်၍ သင်က iOS 12.1.2 ကို သုံးဖို့ အဆင့်မြင့်ဖို့ စဉ်းစားနေရင် အရင်ဆုံး ခဏစောင့်ပေးဖို့ အသိပေးပါရစေနော်။

အခု အကြောင်းနဲ့ ပတ်သတ်ပြီး Apple က သူ့ရဲ့ update က iPhone XR, iPhone XS နဲ့ iPhone XS Max တို့မှာ cellular ချိတ်ဆက်မှု ဆိုင်ရာ ပြဿနာ ရှိနေတယ် ဆိုတာ ဝန်ခံခဲ့ပါတယ်။ အဆိုပါ cellular ချိတ်ဆက်မှု ပြဿနာက iPhone XR, iPhone XS နဲ့ iPhone XS Max တို့မှာတင်မကပဲ iPhone အမျိုးအစားအားလုံးထိ ပျံ့နှံ့ လာခဲ့ပါတယ်။ အဲ့တာကြောင့်လည်း ဝေဖန်မှုတွေ များလာတာပါ။

Twitter ပေါ်က ဝေဖန်ချက်တွေကို စစ်တမ်းကောက်ယူချက်အရ iOS 12.1.2 ကို upgrade လုပ်လိုက်တဲ့ မြောက်အမေရိက၊ တောင်အာဖရိက၊ ဥရောပ နှင့် အာရှ တို့က iPhone ပိုင်ရှင်တွေရဲ့ ရင်ဖွင့်စကားကို အောက်မှာ ဖော်ပြပေးထားပါတယ်။

“ကျေးဇူးပါ။ Apple ရေ။ Apple က ခရစ်စမတ်လက်ဆောင်အဖြစ် ထောက်ပံ့လိုက်တဲ့ iOS 12.1.2 ကို ကျွန်တော့်ဖုန်းမှာ update လုပ်လိုက်တည်းက ကျွန်တော် cellular data သုံးလို့မရတော့ပါဘူး။ ကျွန်တော့်ဖုန်းကို reset လုပ်ခဲ့ပါတယ်။ သူ့ကို ထပ်ပြီး activate မလုပ်တော့ပါဘူး။ ဒါဝန်ဆောင်မှု မဟုတ်ပါဘူး။ ဒီပြဿနာကို မကြာခင် ရောက်လာမယ့် update အသစ် မှာ ကောင်းအောင်လုပ်ပေးပါ။”(New York)

“iOS 12.1.2 ကို update လုပ်ခဲ့ပြီး ကတည်းက ကျွန်မ iPhone X မှာ WiFi ပြဿနာရှိတာပါ။”(Maryland)

“12.1.2 ကို update လုပ်ပြီးတော့ ကျွန်တော့်ဖုန်း cellular network ချိတ်ဆက်လို့ မရတော့ပါဘူး။”(North Carolina)

“Apple support ရေ IOS update နောက်တစ်ခုဘယ်တော့လာမှာလဲ??? ကျွန်တော့်သားနဲ့ မိန်းမဖုန်း တွေ 12.1.2 ကို download လုပ်ပြီး ဖုန်းဆက်လို့ကော ခေါ်လို့ကော မရတော့လို့ပါ။” (Mississippi)

အခုလို အသုံးပြုသူတွေရဲ့ ဝေဖန်တဲ့ စာသားတွေက ဒါတွေပဲ မဟုတ်သေးပါဘူး။ နောက်ထပ်ပြီး အများကြီး ရှိပါသေးတယ်။ အဲ့တာကြောင့် Apple အနေနဲ့လည်း iOS 12.1.2 ရဲ့ ပြဿနာကို တတ်နိုင်သမျှ မြန်မြန် ဖြေရှင်းပေးသင့်တယ်နေပါပြီ။ Asiaapps က ဘော်ဘော်တို့တွေထဲမှာလည်း iOS 12.1.2 ကို update လုပ်ဖို့ စဉ်းစားနေတဲ့သူတွေရှိရင် သေချာစုံစမ်းပြီးမှ လုပ်ကြဖို့ အကြုံပြုချင်ပါတယ်။

Via

,

Leave a Reply

Your email address will not be published. Required fields are marked *