iPhone 7 နဲ့ 7 Plus တို့ရဲ့ refurbished version ကို Apple မှတရားဝင်ရောင်းချပြီ

iPhone 7 နဲ့ 7 Plus တို့ရဲ့ refurbished version ကိုမနေ့ကပဲ Apple ရဲ့ Official Website မှာတရားဝင်စတင်ရောင်းချနေပြီဖြစ်ပါတယ်။ ဒီ refurbished version ကို Apple တရားဝင်မရောင်းချခင် Virgin Mobile ကအရင်ရောင်းချနေတာပါ။

Refurbished version ရဲ့ iPhone 7 အတွက် Apple စခေါ်တဲ့စျေးကတော့ $499 ဖြစ်ပြီး iPhone 7 Plus ကိုတော့ $599 နဲ့ခေါ်ထားပါတယ်။ Virgin mobile ရဲ့ 7 နဲ့ 7 Plus refurbished version (32GB) အတွက်စတင်ခေါ်ခဲ့တဲ့စျေးကတော့ $350 ပဲဖြစ်ပါတယ်။ စျေးနှုန်းအပိုင်းကြည့်ရင် ကွာနေပေမယ့် Brand ရဲ့တရားဝင်ကုမ္ပဏီဖြစ်တဲ့ Apple ကဝယ်ရင် ပိုပြီးစိတ်ချမယ်လို့တော့မြင်မိတယ်ဗျ။ Storage ကိုလိုက်ပြီးစျေးအပြောင်းအလဲလေးကိုတစ်ချက်ကြည့်ရအောင်…

iPhone 7 (32GB) အတွက် $499, 128GB အတွက် $589, 256GB အတွက် $679 ဆိုပြီးသတ်မှတ်ထားပါတယ်။ iPhone 7 Plus ရဲ့ 32GB ကို $599, 128GB ကို $689, 256GB ကို $779 ဆိုပြီးစျေးနှုန်းသတ်မှတ်ထားပြန်ပါတယ်။ Model နှစ်ခုလုံးမှာတော့ 64GB မပါဝင်ပါဘူး။ Refurbished version ဟာအသစ်စက်စက်လေးနဲ့ယှဉ်ရင် စျေးနှုန်းပိုင်းက ၉ (သို့) ၁၀ ရာခိုင်နှုန်းအထိသက်သာနေတာကိုတွေ့ရမှာပါ။

စမ်းသပ်ပြီးမှ တရားဝင်ရောင်းချတာဖြစ်လို့အရည်အသွေးပိုင်းကတော့စိတ်ချရမှာပါ။ ဒါ့အပြင် ၁ နှစ်အာမခံလည်းပါဝင်ပါသေးတယ်။

 

Source(Apple)

, ,

Leave a Reply

Your email address will not be published. Required fields are marked *