iPhone X အတွက် ‘Studio in your pocket’ အမည်ရှိကြော်ငြာကို ဖန်တီးထုတ်လုပ်ခဲ့တဲ့ Apple 

Apple ဟာ iPhone X အတွက် ‘Studio in your pocket’ အမည်ရှိတဲ့ကြော်ငြာကိုပြီးခဲ့တဲ့ အချိန်အနည်းအငယ်ကပဲ Official channel မှာချပြလိုက်ပြီဖြစ်ပါတယ်။ Studio in your pocket ဆိုတဲ့အတိုင်း ကြော်ငြာမှာ iPhone X ရဲ့ကင်မရာပိုင်းကို အသားပေးဖော်ပြသွားတာပါ။ ရထားဘူတာမှာ ယောင်လည်လည်ဖြစ်နေတဲ့ စကီလေးတစ်ယောက် iPhone X ထုတ်ပြီး Selfie ဆွဲခါနီးမှာ ပတ်ဝန်းကျင်တစ်ခုလုံး ဓာတ်ပုံစတူဒီယိုတစ်ခုလိုပြောင်းလဲသွားပုံ ကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Natural light, studio light, contour light, နောက်ခံ Background တစ်ခုလုံးအမည်းရောင်အဖြစ်ပြောင်းလဲနိုင်တဲ့ stage light နဲ့ stage light mono တို့ပါဝင်တဲ့ Portrait Lighting ဖြစ်တာကြောင့် Selfie ဆွဲတဲ့အခါမှာ Studio ထဲရောက်နေသလို ခံစားသွားရမှာတော့အမှန်ပါပဲ။ နောက်ခံအတွက် အဖြူ နဲ့ အမည်းနှစ်ရောင် ကို Portrait light အဖြစ်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ထူးခြားလှတဲ့ Portrait feature တွေကိုတော့ Apple ရဲ့ ၁၀ နှစ်ပြည့် iPhone X မှာတင်မဟုတ်ပဲ မကြာသေးခင်ကထွက်ရှိထားတဲ့ iPhone 8 Plus မှာလည်း အသုံးပြုနိုင်မှာပါ။ Apple ရဲ့ နောက်ဆုံးထွက်ကြော်ငြာ ‘Studio in your pocket’ ကိုအောက်မှာဖော်ပြထားပါတယ်ခင်ဗျာ…

 

Source (Apple)

,

Leave a Reply

Your email address will not be published. Required fields are marked *