HomePod support ပါဝင်တဲ့ iOS 11.2.5 update

Apple device တွေအတွက် ဖိုင်အရွယ်အစား 172.9 MB သာရှိတဲ့ iOS 11.2.5 update ဟာတော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲထွက်ရှိလာတာဖြစ်ပါတယ်။

 

 

အပေါ်မှာဖော်ပြထားတဲ့ပုံတွေကတော့ ကျွန်တော့်ဖုန်းထဲက Screenshot ရိုက်ထားတာပါ။ ကျွန်တော့်ဖုန်းရဲ့ iOS ဟာ 11.0.1 ပဲရှိသေးတာကြောင့် update ဖိုင်အရွယ်အစားက 621.5 MB ရှိနေတာဖြစ်ပါတယ်။ ပုံထဲကအတိုင်းကြည့်ရင်ဒီ update မှာ HomePod Support, Siri News နဲ့ Other improvement and fixes ဆိုပြီး ခေါင်းစဉ် ၃ ခုပါဝင်ပါတယ်။

အဲ့ဒီ ၃ ခုထဲက HomePod support ကိုပထမဉီးဆုံးပြောချင်ပါတယ်။ HomePod support  အကြောင်းမပြောခင် HomePod Device အကြောင်း အရင်ဆုံးစတင်ပါရစေ။ HomePod ဟာ Apple ကထုတ်လုပ်တဲ့ Wireless Speaker တစ်ခုပါ။ အရွယ်အစားက ၇ လက်မရှိပါတယ်။ အဓိက အသုံးပြုနိုင်တာကတော့ သီချင်းနားဆင်ဖို့ဖြစ်ပြီး ကြီးမားတဲ့ အားသာချက်ကတော့ Siri intelligence ပါဝင်တာပါ။ Siri intelligence ပါဝင်တာကြောင့် HomePod မှာ “Hey Siri” လို့ပြောပြီး မိမိလိုအပ်ရာကို စေခိုင်းနိုင်မှာဖြစ်ပါတယ်။ ဖုန်းထဲက Siri ကိုအပြင်မှာ device တစ်ခုအနေနဲ့မြင်တွေ့ရမယ်လို့ဆိုရမှာပါ။

“HomePod is a magical new music experience from Apple. It brings advanced audio technologies like beam-forming tweeters, a high-excursion woofer and automatic spatial awareness, together with the entire Apple Music catalog and the latest Siri intelligence, in a simple, beautiful design that is so much fun to use,” said Philip Schiller, Apple’s senior vice president of Worldwide Marketing.
Source :www.apple.com

အပေါ်မှာဖော်ပြထားတာကတော့ Philip Schiller ဆိုသူရဲ့ HomePod အပေါ် ပြောကြားချက်တွေဖြစ်ပါတယ်။ Philip Schiller ဆိုသူကတော့ Apple ရဲ့ Worldwide Marketing ဘက်က စီနီယာ Vice president ဆိုသူတစ်ဉီးပါ။

HomePod, the innovative wireless speaker from Apple, arrives in stores beginning Friday, February 9 and is available to order online this Friday, January 26 in the US, UK and Australia.
Source :www.apple.com

HomePod wireless speaker ကတော့ ၂၀၁၈ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ Store ပေါ်ကိုရောက်ရှိမှာဖြစ်ပြီး Online ကနေအော်ဒါမှာယူနိုင်မှာဖြစ်ပါတယ်။ US, UK နဲ့ သြစတေးလျ မှာတော့ ဇန်နဝါရီ ၂၆ ရက်နေ့ကတည်းကရောက်ရှိနေမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘယ်လိုရောက်ရှိလာမလဲတော့ မသိရှိသေးပါဘူး။ US, UK နဲ့ သြစတေးလျ မှာရှိတဲ့ ဘော်ဘော်တွေကို အကူအညီတောင်းရင်ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။

HomePod ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံ

 

HomePod Wireless Speaker

iOS 11.2.5  ရဲ့ HomePod support ကတော့  Apple ID, Apple Music, Siri, Wi-Fi settings အစရှိတာတွေကို HomePod မှာ set up လုပ်နိုင်အောင်ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။ ပြောရရင် ဒီအချက်ကတော့ HomePod အသုံးပြုမဲ့သူတွေအတွက် အဆင်ပြေအောင်ပြုလုပ်ပေးထားတယ်လို့ဆိုရမှာပါ။

နောက်တစ်ခုကတော့ Siri News ပါ။ iOS 11.2.5 မှာ Siri ဟာ သတင်းတွေကိုပါဖတ်ရှု့ပေးနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Siri ဟာမိတ်ဆွေမအားတဲ့အခြေအနေတွေမှာတောင် သတင်းတွေကို ဖတ်ပြပေးတော့မှာကြောင့် အသုံးဝင်တာထက်ကိုပိုလာပါပြီ။ အဲ့လို Function အသစ်တွေကိုထည့်သွင်းပေးရုံသာမက အရင် version တွေမှာဖြစ်ခဲ့တဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးထားပါသေးတယ်။

ကျွန်တော်ကတော့ iOS 11.2.5 ကိုအခုပဲ တင်တော့မှာပါ။  iOS ကို update မှာပါဝင်လာတဲ့ function လေးတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ အချိန်မဆွဲပဲ “Download and install” လုပ်လိုက်ကြပါလို့ အကြံပြုပါရစေ။

, ,

Leave a Reply

Your email address will not be published. Required fields are marked *