Apple မှ နောက်ထပ် အမျိုးအစားသစ်ထွက်ရှိပါက iPhoneX အား ဆက်ပြီးထုတ်လုပ်တော့မည်မဟုတ်ဟု သတင်းများထွက်ရှိ

Apple က မကြာသေးမီကမှ iPhone8 နှင့် iPhoneX တို့ ရက်သိပ်မကွာပဲ ထွက်ရှိခဲ့ပြီး ၂၀၁၈ မှာ iPhone ရဲ့မျိုးဆက်အသစ်တွေ ထပ်မံ ထွက်ရှိဖို့ ပြင်ဆင်လျှက်ရှိပါတယ်။ ဒါပေမယ့် အမျိုးအစားသစ်တွေ ထွက်တဲ့ အချိန်မှာ iPhoneX ကို ဆက်မထုတ်တော့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ပုံမှန်ဆိုရင် Apple ဟာ ဖုန်းအမျိုးအစားအသစ်ထွက်ရင် အရင်ကထွက်ရှိထားတဲ့ ဖုန်းတွေကို ဈေးလျော့ပေးလေ့ရှိပါတယ်။ အဲ့တာကြောင့် အချို့လူတွေက ဖုန်းအမျိုးအစားသစ်ထွက်ရင် ထွက်ရှိတဲ့ အချိန်ရဲ့ တစ်နှစ်နောက်ကျပြီးမှ ဝယ်ယူကြပါတယ်။ ဒါပေမယ့် တန်ဖိုးမြင့် ဈေးနှုန်း $999 (ခန့်မှန်းခြေ – ၁၃၄၈၆၅၀ ကျပ်) နဲ့ ထွက်ရှိထားတဲ့ iPhoneX ကိုတော့ Discount ချပေးတော့မှာ မဟုတ်ပဲ ထုတ်လုပ်မှုကို လုံးဝရပ်တန့်လိုက်တော့မယ်လို့ သတင်းများထွက်ရှိနေပါတယ်။

KGI Securities analyst တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo က Apple နောက်ထပ်ထွက်ရှိမယ့် iPhone အမျိုးအစားသစ် နှစ်ခုအကြောင်း ပြောကြားခဲ့ပါတယ်။ ထို အမျိုးအစား အသစ်များတွင် အနားစောင်းမပါတဲ့ ဒီဇိုင်းတွေနဲ့ ထွက်ရှိမှာဖြစ်ပြီး တစ်ခုက 6.5 လက်မနဲ့OLED Display ဖြစ်ပြီး နောက်တစ်ခုက 6.1လက်မ နဲ့ LCD Display တွေဖြစ်ပါတယ်။ အခု လတ်တလောထွက်ရှိထားတဲ့ iPhone X ကတော့ 5.8 လက်မရှိပါတယ်။

Kuo’s note reads in part:
iPhone X would hurt product brand value & lineup of 2H18 new models if it continues to sell at a lower price after 2H18 new models launch: Lowering iPhone X’s price after the 2H18 new models launch would be a negative to product brand value given 3D sensing and OLED display are features of the new high-price model. Additionally, to sell iPhone X at a lower price may have a negative impact on shipments of the new 6.1″ LCD iPhone in 2H18. Thus, we estimate iPhone X will reach end-of-life (EOL) around the middle of 2018.
Source :bgr.com

iPhoneX ထုတ်လုပ်မှုကို ရပ်နားတော့မယ်ဆိုတဲ့ သတင်းကလည်း Kuo ရဲ့ ခန့်မှန်းချက်ပဲဖြစ်ပါတယ်။ Kuo ရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် OLED iPhone အမျိုးအစားသစ်ဟာ တန်ဖိုးကြီးမားတဲ့ model တစ်ခုဖြစ်တာကြောင့် iPhoneX ကိုဈေးလျှော့ လိုက် ရင် အဆိုပါဖုန်း၏ တန်ဖိုးကို ထိခိုက်သွားနိုင်တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် နောက်ထပ်အမျိုးအစားတစ်ခုဖြစ်တဲ့ LCD display နဲ့ 6.1 လက်မရှိတဲ့ မျိုးဆက်အသစ်ကိုပါ အကျိုးသက်ရောက်မှု ရှိလာနိုင်တဲ့အတွက် iPhoneX ကို ဈေးလျှော့မပေးတော့ပဲ ထုတ်လုပ်မှုကို လုံးဝရပ်တန့် လိုက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အခုဖြစ်ရပ်က iPhone သမိုင်းမှာ ပထမဦးဆုံးဖြစ်ပြီး iPhoneX ကိုဈေးလျော့မပေးနိုင်တာကြောင့် လုပ်ရခြင်းဖြစ်တယ်လို့လည်းယူဆလို့ရပါတယ်။

အခုသတင်းက Ming-Chi Kuo ရဲ့ ခန့်မှန်းချက် တစ်ခုဖြစ်ပြီး သတင်းမှန်မမှန်ဆိုတာကိုတော့ iPhone ရဲ့ မျိုးဆက်အသစ်တွေ ထွက်ရှိတဲ့အချိန် စောင့်ကြည့်ရမှာပါ။ Apple ကတော့ အခုသတင်းရဲ့ မေးခွန်းတွေကို ဖြေကြားချက် မပေးသေးဘူးလို့လည်း သိရှိရပါတယ်။

, ,

Leave a Reply

Your email address will not be published. Required fields are marked *