Touchless Control System နဲ့ Curved iPhone screen တို့အတွက်ကြိုးစားနေပြီဖြစ်တဲ့ Apple

Apple အနေနဲ့ မနှစ်ကထွက်ရှိထားတဲ့ iPhone X မှာ feature အသစ်တွေတော်တော်များများကိုမိတ်ဆက်ပြီးနေပါပြီ။ အခုလည်း နောက်လာမယ့် iPhone flagship တွေအတွက် Feature အသစ်တွေထည့်သွင်းနိုင်ဖို့ကြိုးစားနေပြန်ပြီပဲဖြစ်ပါတယ်။

Screen ကိုလက်ချောင်းနဲ့တကယ်ထိစရာမလိုပဲ လှုပ်ရှားမှုနဲ့တင် အလိုရှိရာကိုရွေ့လျားနိုင်တဲ့ Touchless Control System နဲ့ မျက်နှာပြင်အကွေး (Curved iPhone Screen) တို့အတွက် Apple လုပ်ဆောင်နေပါပြီ။ (Touchless Control ကတော့ Samsung ဖုန်းတွေမှာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကမိတ်ဆက်ပြီးသားဖြစ်ပါတယ်။) ဒီ technology ကို iPhone ကိုထည့်သွင်းဖို့ဆိုရင် Apple အနေနဲ့ အနည်းဆုံး ၂ နှစ် အထိအချိန်ပေးရမှာဖြစ်တယ်လို့ တော်တော်များများ ကသုံးသပ်ထားပါတယ်။ အချိန်အားဖြင့်ကြာမြင့်သွားပေမယ့် Error ကတော့ မရှိသလောက်ကင်းနေမှာပါ။ IPhone X ရဲ့ Face id လိုမျိုးပေါ့။

Apple ဟာ IPhone X မှာ active-matrix ဖြစ်တဲ့ OLED display ကို အသုံးပြုထားပါတယ်။ OLED display ဟာ ဖုန်းရဲ့ မျက်နှာပြင်ကို အကွေးပုံစံမျိုးနဲ့ဖန်တီးရတာအဆင်ပြေရုံသာမက ဖြန့်/ခေါက် ပုံစံမျိုး ပြုလုပ်နိုင်တဲ့အထိ Flexible ဖြစ်ပါတယ်။ Curved screen ပုံစံကို IPhone X ရဲ့အောက်ခြေမှာ အနည်းငယ်ပြုလုပ်ထားပြီး မိတ်ဆက်ထားခဲ့တယ်ဗျ။ ဒါပေမယ့် မသိသာတဲ့အနေအထားမို့ ကျွန်တော်ကိုယ်တိုင်တောင် သူတို့ပြောမှသိတာပါ :3)။ Apple အနေနဲ့ iPhone X ရဲ့နောက်ထွက်ဖုန်းတွေကို အပေါ်၊ အောက် မျက်နှာပြင်နှစ်ခုလုံးအကွေးပုံစံမျိုးနဲ့ မိတ်ဆက်သွားဖို့ကြိုးစားနေတာဖြစ်ပါတယ်။

See also – ၂၀၁၈ အတွင်းမှာ ခေါက်/ဖြန့် ပြုလုပ်နိုင်တဲ့ Smartphone တွေကိုဖန်တီးတော့မယ့် Samsung!

OLED display ကြောင့် Apple အနေနဲ့ Curved iPhone screen လုပ်ရတာလွယ်ကူသွားပြီလား ဆိုတော့လဲမဟုတ်ပြန်ပါဘူး။ ဖုန်းနဲ့အဆင်မပြေ မကိုက်ညီမှုတွေကြောင့် နောက်ထပ် Tech အသစ်တစ်ခုဖြစ်တဲ့ “MicroLED display” ကို ဖန်တီးနေပြီပဲဖြစ်ပါတယ်။ MircoLED ကိုအသုံးချဖို့ကိုလည်း အနည်းဆုံးနှစ်အနည်းငယ် စောင့်ရဉီးမှာပါ။

Apple အနေနဲ့ Touchless Control System နဲ့ Curved iPhone screen တို့နှစ်ခုလုံးအတွက် နှစ်အနည်းငယ် အချိန်ပေးရဉီးမှာဖြစ်တာကြောင့် နောက်လာမယ့် iPhone Xs, Xs Plus တို့မှာ ဒီ feature နှစ်ခုကိုမျှော်လင့်လို့ရဉီးမှာတော့ မဟုတ်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *