ဖုန်းအား 100% ပြည့်တာနဲ့အချက်ပေးနိုင်မယ့် app

ဖုန်​းအားသွင်​းရင် ​​​မေ့ပြီးအကြာကြီးထားတတ်​တဲ့ asia app ပရိတ်​သတ်​ကြီးအတွက်​ ဖုန်​းဘတ်​ထရီ ၁၀၀ရာခိုင်​နှုန်​းပြည်​့တာနဲ့ အချက်​​ပေးမယ်​့ battery 100% alarm ဆိုတဲ့အပ်​ပလီ​ကေးရှင်​း​လေးအ​ကြောင်​းမိတ်​ဆက်​ပေးချင်​ပါတယ်​။

တချို့အားသွင်​းရင်​း ​မေ့ပြီးအိပ်​​ပျော်​သွားတာမျိုး၊ အမှတ်​တမဲ့ထားရင်​း​မေ့​နေတာမျိုးဆို အကြာကြီးသွင်​းထားတဲ့အခါ စိုးရိမ်​စရာ​တွေဖြစ်​လာနိုင်​ပါတယ်​။ တချို့ဖုန်​း​တွေက​တော့ ဘတ်​ထရီအား ၁၀၀ ပြည်​့တာနဲ့ အားသွင်​းတာကိုရပ်​လိုက်​​ပေမဲ့ တချို့ဖုန်းတွေက​တော့အဲ့လိုမလုပ်​​ပေးပါဘူး။ ဘယ်​လိုမျိုးအ​ကြောင်​း​ကြောင်​့ပဲဖြစ်​​စေ ဖုန်​းအားပြည်​့ပြီဆိုတာနဲ့ ပလပ်​ဖြုတ်​လိုက်​တာ ပိုသင်​့​တော်​ပါတယ်​။

Source: TrishTech

ဘတ်​ထရီ ၁၀၀ ပြည်​့တာနဲ့ အချက်​​ပေးတာကို အသုံးပြုချင်​တယ်​ဆိုရင်​​တော့ အရင်​ဆုံး​ download ဆွဲပြီး install လိုက်​ပါ။application ထဲဝင်​လိုက်​တာနဲ့ battery 100% alarm on ဆိုတာကိုနှိပ်​လိုက်​ရင်​ရပါပြီ။ မိမိဖုန်​းအားသွင်​း​နေရင်​း ၁၀၀ ပြည်​့သွားပါက alarm မြည်​လာမှာဖြစ်​ပါတယ်​။ Alarm tone ​နေရာမှာ မိမိကြိုက်​နှစ်​သက်​တဲ့အသံကို ​ပြောင်​းထားလို့ရပါတယ်​။

“Do not notify me reaching 100%” ဆိုတဲ့ tab က​တော့ ၁၀၀ ပြည်​့မှ alarm မြည်​မှာဖြစ်​ပြီး တကယ်​လို့ ၉၀၊ ၈၀ စသည်​ဖြင်​့ပြင်​ဆင်​နိုင်​ပါတယ်​။ ကျန်​တာက​တော့ default setting အတိုင်​းပဲထားပြီးအသုံးပြုနိုင်​ပါတယ်​။​ ရှောက်​မီဖုန်​း​တွေမှာအသုံးပြုမယ်​ဆိုရင်​ လိုအပ်​တဲ့ permission ​တွေပြင်​​ပေးရမယ်​့အပြင်​၊ စက်​မရှင်​းလိုက်​မိဖို့အ​ရေးကြီးပါတယ်​။ စက်​ရှင်​းလိုက်​မိရင်​​တော့ alarm အသံမြည်​မှာမဟုတ်​ပါဘူး။ ညဘက်​ဂိမ်​း​တွေ​ဆော့၊ အင်​တာနက်​သုံးပြီး ဖုန်​းအားသွင်​းရင်​းဘအိပ်​​ပျော်​တက်​တဲ့ asia app ပရိတ်​သတ်​ကြီးအတွက်​ တကယ်​ကိုအသုံးဝင်​မယ်​့ app ​လေးပဲဖြစ်​ပါတယ်​။​ အောက်​ပါလင်​့ခ်​တွင်​ ​ဒေါင်​းယူနိုင်​ပါတယ်​။

Download link – Android (Playstore/ APKfollow)

,

Leave a Reply

Your email address will not be published. Required fields are marked *