Huawei devices တွေကိုဆက်လက်ရောင်းချဖို့အစီအစဉ်မရှိတော့တဲ့ Best Buy!

U.S အကြီးမားဆုံး Online retailer တွေထဲကတစ်ခုအပါအဝင်ဖြစ်တဲ့ Best Buy ဟာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ Huawei ဆီကထွက်ရှိသမျှ Device တွေကို လာမယ့်အပတ်ကစပြီး ရောင်းချတော့မှာမဟုတ်ပါဘူး။ ဒီသတင်းဟာတော့ CNET မှာပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကထွက်ရှိခဲ့တာပါ။ CNET ရဲ့ပြောကြားချက်အရဆိုရင် Best Buy ဟာ အော်ဒါမှာယူထားတဲ့ Huawei device တွေကိုပြန်လည်ရုပ်သိမ်းနေပြီပဲဖြစ်ပါတယ်။

ဒီလမ်းခွဲမှုကိစ္စနဲ့ပတ်သက်ပြီး Best Buy ရဲ့ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဉီးက “ငါတို့စာချုပ်ကိစ္စကိုတိတိကျကျဖော်ပြသွားမှာမဟုတ်ပါဘူး၊ ငါတို့အကြောင်းတရားအမျိုးအမျိုးကြောင့် အခုလိုဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်” လို့ပြောကြားခဲ့ပါတယ်။

ထိုနည်းတူ ဒီကိစ္စနဲ့ပတ်သက်ပြီး Huawei ဘက်ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဉီးကလည်း “စည်းမျဉ်းစည်းကမ်းအရ ငါတို့ရဲ့ ဆက်နွယ်မှုကို အတွင်းကျကျ မဆွေးနွေးတော့ပါဘူး။” လို့ပြောကြားခဲ့ပါတယ်။

နှစ်ဉီးနှစ်ဖက်ကြားမှာ ဘာပြဿနာမှန်းမသိပေမယ့် နှစ်ဖက်လုံးရဲ့ စကားပြောပုံကတော့ ခပ်ခြေခြေပါပဲ။

Huawei အနေနဲ့ U.S မာကတ်မှာအခြေခိုင်မာအောင်ကြိုးစားနေတာ အချိန်တစ်ခုအထိကြာမြင့်နေပြီဖြစ်ပေမယ့် ဖုန်းဖြန့်ချီမှုအချိန်ကိုအနောက်ဆုတ်ခံရလိုက်၊ ထုတ်ကုန်တွေကို Retailer တွေကမယူလိုက်နဲ့တိုင်ပတ်နေဆဲပါ။ အခုလို U.S မာကတ်မှာအခြေခိုင်အောင်ကြိုးစားနေတာကလည်း ၂၀၁၆ တုန်းကချမှတ်ခဲ့ “ကမ္ဘာ့အဆင့်နံပါတ် ၁ စမတ်ဖုန်းထုတ်လုပ်သူ အဖြစ် ၂၀၂၁ မှာဖြစ်ရမယ်” ဆိုတဲ့ရည်မှန်းချက်ကြောင့်သာဖြစ်ပါတယ်။ U.S အကြီးမားဆုံး Online retailer တစ်ခုကိုဆုံးရှုံးလိုက်ရတာကြောင့် Huawei အနေနဲ့ U.S စမတ်ဖုန်းမာကတ်မှာအခြေခိုင်ဖို့ ဝေးသွားသလို သူတို့ရဲ့ရည်မှန်းချက်ဖြစ်မြှောက်ဖို့လည်း အနည်းငယ်ပိုမိုခက်ခဲသွားမှာဖြစ်ပါတယ်။

Best Buy မှာ Huawei ကိုမဝယ်ယူနိုင်တော့ပေမယ့် B&H Photo, Newgg နဲ့ အကြီးမားဆုံး Online retailer ဖြစ်တဲ့ Amazon တို့မှာတော့ဝယ်ယူနိုင်ဉီးမှာဖြစ်ပါတယ်။

 

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *