သင်မြင်ဖူးနေကျ မဟုတ်ပဲထူးခြားတဲ့ ဒီဇိုင်းပုံစံနဲ့ Blackberry KEYone

Blackberry KEYone Smart Phone ဟာ သင်မြင်ဖူးနေကြပုံစံ ဒီဇိုင်း ဖုန်းတွေနဲ့ လုံးဝကို မတူတာကိုတွေ့ရမှာပါ။ သူ့ရဲ့ ပုံစံလေးက keypad နဲ့ Touch နဲ့ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းမျိုးလေးပါ။ ကြည့်ရတာ တကယ်ကို ဆွဲဆောင်မှုရှိပြီး အသုံးပြုရတာလည် တော်တော်အဆင်ပြေမယ့် ပုံစံလေးပါ။ အောက်မှာနမူနာ ပုံလေးပြထားပါတယ်။

Black Edition နဲ့ Silver Edition ဆိုပြီးနှစ်မျိုး ထွက်ရှိထားပါတယ်။ Touch Screen အရွယ်အစားက ၄.၅ လက်မရှိပါတယ်။ Battery က ၂၆နာရီ ကျော်ကျော် ခံပါတယ်။ ၁ရက်ကျော်လောက်ထိခံတယ်ဆိုတော့ ဘတ်ထရီက တော်တော်လေး မိုက်တယ်လို့ဆိုရမှာပါ။ Main Camera 12MP ရှိပြီး မြင်ကွင်းကို အလိုအလျောက်ချိန်ညှိပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ Front Camera က 8MP ရှိပါတယ်။ Sensor ကို Sony IMX378 Sensor အသုံးပြုထားပါတယ်။ Fingerprint Sensor လည်းပါဝင်တဲ့ တာကြောင့် လုံးဝကို ဟာကွက်မရှိစနစ်တကျ လုပ်ထားတယ်လို့ဆိုနိုင်ပါတယ်။

Micro SD card 256GB အထိ support ပေးထားပါတယ်။ အနားဘောင်ကို မာကြော ကျစ်လစ်တဲ့ အာလူမီနီယံ frame ကွပ်ထားပါတယ်။ နောက်ကျောဘက်ကိုတော့ နူးညံ့ချောမွေ့တဲ့ အထိအတွေ့လေးဖြစ်နေအောင် ဖန်တီးထားပါတယ်။

Key pad မှာပါဝင်တဲ့ key တစ်ခုဆီတိုင်းက app တွေဖွင့်ဖို့အတွက် အမှတ်အသားလေးတွေဖြစ်ပါတယ်။ ဥပမာ- key “B” ကိုနှိပ်လိုက်တာနဲ့ Browser ပွင့်သွားတာမျိုးပေါ့။ Android Operating system က 7.1 Nougat ဖြစ်ပါတယ်။ SIM card က duel SIM ပါ ။ ဈေးနှုန်းကတော့ မြန်မာငွေ ၇သိန်း ဝန်းကျင် လောက် ကျသင့်မှာဖြစ်ပါတယ်။

ကောင်းမွန့်ပြည့်စုံပြီး ဆန်းသစ်တဲ့ အင်္ဂါရပ်တွေကြောင့် သူရရှိထားတဲ့ ဆုတွေကလည်းမနည်းမနောပါပဲ။ ရရှိထားတဲ့ဆုတွေကို အောက်မှာ ဓာတ်ပုံနဲ့ ဖော်ပြပေးထားပါတယ်။

 

Source

,

Leave a Reply

Your email address will not be published. Required fields are marked *