ညဖက်ဖုန်းအသုံးပြုတဲ့အခါမျက်စိမထိခိုက်အောင်ကာကွယ်ပေးနိုင်မယ့် app

ဒီတစ်​ခါ asia app ပရိတ်​သတ်​ကြီးနဲ့မိတ်​ဆက်​​ပေးချင်​တာက ညဖက်​ဖုန်​းအသုံးပြုတာများတဲ့ ပရိတ်​သတ်​ကြီးအတွက်​ ဖုန်​းကထွက်​တဲ့ အလင်​းရောင်​​တွေ​ကြောင်​့ မျက်​စိမထိခိုက်​​အောင်​လျှော့ချနိုင်​မယ်​့ Blue light filter ဆိုတဲ့ အပ်​ပလီ​ကေးရှင်​း​လေးနဲ့မိတ်​ဆက်​ပေးမှာပဲဖြစ်​ပါတယ်​။

ညဘက်​ဖုန်​းအသုံးပြုတဲ့အခါ ဒီ Blue light filter ​လေးဖွင်​့ပြီးအသုံးပြုမယ်​ဆိုရင်​​တော့ မျက်​စိကျန်​းမာ​ရေးအတွက်​လည်​း အ​ထောက်​အကူပြုမှာဖြစ်​ပါတယ်​။ ပထမဦးဆုံး အပ်​ပလီ​ကေးရှင်​း အင်​စ​တောလုပ်​ပြီးတာနဲ့ Blue light filter on ဆိုတာကိုနှိပ်​​ပေးရမှာဖြစ်​ပါတယ်​။ Opacity ဆိုတာက​တော့ filter ရဲ့အလင်​းကိုအတိုးအ​လျှော့ပြုလုပ်​တာဖြစ်​ပါတယ်​။ ရာခိုင်​နှုန်​းမြင်​့ရင်​ filter ရဲ့အလင်​းပိုမှိန်​သွားပြီး ရာခိုင်​နှုန်​းနိမ်​့ရင်​​တော့ filter ရဲ့အလင်​းပိုမြင်​့လာမှာဖြစ်​ပါတယ်​။ အနည်​းဆုံး​တော့ ၅၀ ရာခိုင်​နှုန်​း​လျှောက်ထားသင်​့ပါတယ်​။

Filter colour ဆိုတာက​တော့ filter ရဲ့အ​​ရောင်​ကို အဝါ၊ အနီ၊ အနက်၊ အညို၊ natural စသည်​ဖြင်​့ ၅ မျိုးထိ​ရွေးချယ်​နိုင်​ပါတယ်​။ကျွန်​​တော့်​အ​နေနဲ့က​တော့ natural ကိုပဲသုံးဖို့ညွှန်​းချင်​ပါတယ်​။ ကျန်​တာက​တော့ ဘာမှမပြင်​ပဲ default setting အတိုင်​း အသုံးပြုနိုင်​ပါတယ်​။​ ရှောက်​မီဖုန်​း​တွေအ​နေနဲ့ ဖုန်​းထဲမှာ read mode ဆိုပြီးပါ​ပေမဲ့ ​စမ်​းသပ်​အသုံးပြုချင်​တယ်​​ဆိုရင်​​တော့ setting ထဲက​နေ Blue light filter အတွက်​ permission ​တွေကို accept လုပ်​​ပေးဖို့လိုပါလိမ်​့မယ်​။ Accept မလုပ်​​ပေးရင်​​တော့ အသုံးပြုလို့ရမှာမဟုတ်​ပါဘူး။

ကျွန်​​တော်​လဲ ညဘက်​ဖုန်​းသုံးတာ ဒီတိုင်​းသုံးတာထက်​စာရင်​ Blue light filter ​လေးဖွင်​့ပြီးသုံးတာ မျက်​စိကျိန်​းတာပိုသက်​သာသလိုခံစားမိပါတယ်​။ ပရိတ်​သတ်​ကြီးလဲ စမ်​းသပ်​အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​ပါလင်​့တွင်​​ဒေါင်​းယူနိုင်​ပါတယ်​။

Download link – Android

,

Leave a Reply

Your email address will not be published. Required fields are marked *