ကယ်လိုရီတွက်ပေးတဲ့ HiVision နည်းစနစ် ပါဝင်လာမယ့် Huawei Mate20

ဒီတစ်ခေါက်မှာတော့ ခုနောက်ပိုင်း ရေပန်းစား နာမည်ကြီးနေတဲ့ Hwawei Mate 20 ရဲ့ Hiversion အကြောင်းလေးကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ Hivision ဟာဆိုရင် AI နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ feature ဖြစ်တာကြောင့် သူလုပ်ဆောင်နိုင်တဲ့ အရာတွေ များပါတယ်။

အဲ့ဒီ feature တွေထဲကမှ ကိုယ်စားမယ့် အစားအသောက်ကို ကယ်လိုရီဘယ်လောက်ပါလဲကို ပြသပေးမယ့် feature လေးအကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။ သူ့ကို အသုံးပြုချင်ရင် ကိုယ်သိချင်တဲ့ အရာဝတ္ထုတစ်ခုကို Scan လေးဖတ်ပြီး ကယ်လိုရီအချက်အလက်တွေရှာလိုက်ရုံပါပဲ။ ပန်းချီကားတွေ အဆောက်အဦးတွေကိုလည်း Scan ဖတ်လိုက်ရုံပါပဲနော်။ အသေးစိတ်လေး ထပ်သိချင်ရင်တော့ အောက်မှာ ဆက်ပြီး ဖတ်သွားပေးကြပါ။

HiVision က ရုပ်ပုံတွေကို အခြေခံထားတဲ့ search feature တစ်ခုဖြစ်ပါတယ်။ Hwawei ရဲ့အဆိုအရ အဆိုပါ HiVision feature က Food,Art နဲ့ Landmarks ခေါင်းစဉ်၃ခုနဲ့ တွဲပြီးလုပ်မှာလို့ ပြောထားပါတယ်။ အခုလို HiVision ရလာဖို့အတွက် Hwawei ဘက်မှာလည်း cloud-based solution provider တွေနဲ့ ပူးပေါင်းခဲ့ရပါတယ်။

ဥပမာပြောရရင် Hivision က တွက်ချက်ပေးတဲ့ ကယ်လိုရီပမာဏနဲ့ အဟာရဓာတ်အချက်အလက်တွေကို Azumio (မိုလ်ဘိုင်း Health and fitness ကုမ္ပဏီ ) မှ ref ယူထားတာပါ။

Food,Art နဲ့ Landmarks မဟုတ်တဲ့ အခြား အရာဝတ္ထုတွေမှာသုံးရင်ရော ဘယ်လို ဖော်ပြမှာလဲ။

လေ့လာတွေ့ရှိချက်တွေအရ အဲ့ဒီ အရာဝတ္ထုတွေမှာလည်း Hivision ကိုသုံးလို့ရပါတယ်။ Hivision ကို အခြေခံအားဖြင့် အရာဝတ္ထု တော်တော်များများမှာ အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် object recognition က မပြည့်စုံသေးတာကြောင့် အရာဝတ္ထုပစ္စည်းတစ်ခုတည်းမှာ တစ်ကြိမ်ထက်ပိုပြီး အချက်အလတ် ရှာဖွေမယ်ဆိုရင် ကွဲပြားတဲ့ ရလာဒ်တွေ ထွက်လာနိုင်ပါတယ်။ Hivision နဲ့ပတ်သက်တဲ့ ကြော်ငြာ ဗီဒီယိုလေးတစ်ခုကို အောက်မှာ ဖော်ပြပေးထားပါတယ်။


ဗီဒီယိုလေးတွေက အရမ်းကို ချစ်ဖို့ကောင်းတယ်နော် ဘော်ဒါတို့ရေ။ ဗီဒီယိုလေးတွေကို ကြည့်ပြီး Hwawei Mate 20 ကို သုံးချင်သွားကြတယ် မဟုတ်လား။

Reference- https://consumer.huawei.com

,

Leave a Reply

Your email address will not be published. Required fields are marked *