သင့်ရဲ့စိတ်ကို အေးချမ်းတဲ့ကမ္ဘာဆီ ခေါ်ဆောင်သွားပေးမယ့် Calm – Meditate, Sleep, Relax

လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိကြစမြဲပါ။ နေ့စဉ်အလုပ်တာဝန်တွေပိနေတဲ့ သင့်ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းစေမယ့် အထိရောက်ဆုံးနည်းလမ်းက တရားထိုင်ခြင်းပဲဖြစ်တယ်။ ဒီ application က အခုမှတရားစထိုင်မယ့် beginners တွေအတွက်ရော တရားထိုင်ဖူးတဲ့ advance level တွေအတွက်ရော အသုံးတည့်မယ့် application ဖြစ်တယ်။

၃မိနစ်၊ ၅မိနစ်၊ ၁၀မိနစ်၊ ၁၅မိနစ်၊ ၂၀မိနစ်၊ ၂၅မိနစ် စတဲ့ တရားထိုင် ချိန်တွေပါဝင်မှာဖြစ်ပြီး တရားထိုင်နေရင်း နားထောင်နိုင်တဲ့ အေးချမ်းတဲ့ သီချင်းသံစဉ် ၃၀ ကျော်လည်း ပါဝင်မှာဖြစ်တယ်။

ဒါ့အပြင် ၇ရက် program နဲ့ ၂၁ရက် program တရားထိုင်အစီအစဉ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ ခေါင်းစဉ်တွေအဖြစ် Calming Anxiety, Managing Stress, Deep Sleep, Focus and concentration, Relationship စတာတွေပါဝင်မှာဖြစ်ပြီး   မိတ်ဆွေကြိုက်တဲ့ခေါင်းစဉ်ကိုရွေးချယ်နိုင်ပါတယ်။ Stress တွေကိုဖြေလျော့ ပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့်   meditation application လေးဖြစ်တယ်။ Breathe in, breathe out ပါ ရေတွက်ပေးမှာဖြစ်ပြီး ညဘက်အိမ်မပျော်တဲ့ သူတွေအတွက် sleep story အပုဒ် ၆၀ ကျော်ကိုပါထည့်သွင်းပေးထားပါတယ်။

Offline အတွက် Breathe ( breathe in – out လေ့ကျင့်ပေးခြင်း, Timed Meditation(Timer ဖြင့်တရားထိုင်ခြင်း), Open – Ended Mediation (အကန့်အသက်မဲ့ တရားထိုင်ခြင်း) စတဲ့ system တွေလည်းပါဝင်မှာဖြစ်တယ်။ ကျန်းမာရေးအတွက် ရော၊ စိတ်အေးချမ်း တည်ငြိမ်ဖို့အတွက်ရော အကျိုးရှိစေမယ့် application ဖြစ်တဲ့အတွက် မိတ်ဆွေ ဖုန်းထဲမှာ ရှိသင့်ပါတယ်။

နောက်ခံ wallper backgrounds တွေ အများကြီးပါဝင်လို့ မိတ်ဆွေစိတ်ကြိုက်ရွေးချယ်ပြီး ပြောင်းလဲနိုင်ပါတယ်။ ထည့်သွင်းထားတဲ့ အသံတွေနဲ့ နောက်ခံ background ရဲ့လှုပ်ရှားနေတဲ့ live wallpaper တွေက သင့်ကို အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ လူငယ်ရော လူကြီး ရောဆီမှာ ရှိထားသင့်တဲ့ အကျိုးရှိမယ့် application လေးဖြစ်ပါတယ် ။ Subscribe လုပ်ပြီး purchase တွေဝယ်သုံးလို့ရသလို မဝယ်ပဲနဲ့ အခမဲ့လည်းအသုံးပြုနိုင်ပါတယ်။

Android, IOS နှစ်မျိုးစလုံးနဲ့ free to download လုပ်ယူနိုင်ပါတယ်။ Rating ပိုင်းမှာ (IOS=4.8, Android=4.6) အထိရရှိထားတဲ့ meditation application လေးဖြစ်ပါတယ်။

 

 

 

Image Source – Calm – Meditate, Sleep, Relax

,

Leave a Reply

Your email address will not be published. Required fields are marked *