Cambridge Analytica Company ပိတ်သိမ်းတော့မယ်

    မကြာသေးမီက facebook အသုံးပြုသူ ၈၇ သန်းရဲ့ အချက်အလက်တွေ ပေါက်ကြားခံရမှုနဲ့ ပတ်သက်ပြီး စစ်ဆေးခံခဲ့ရတဲ့ Cambridge Analytica company ကတော့ ဒေဝါလီခံတော့မယ်လို့သိရပါတယ်။ Facebook အချက်အလက်တွေ ပေါက်ကြားခံရမှုနဲ့ ပတ်သက်ပြီးတော့တော့ ကုမ္ပဏီဘက်က ဘာအမှားမှ လုပ်မထားဘူးလို့ ငြင်းဆန်ထားပေမယ့် ကိစ္စတွေက လွယ်လွယ်ကူကူ မပြီးသွားခဲ့ပါဘူး။

 ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖောက်သည်တွေနဲ့ အလုပ်အတူတူ လုပ်မယ့်သူတွေ မရှိတော့တဲ့အတွက် ဆက်လက် မရပ်တည်နိုင်တော့တာဖြစ်တယ်လို့ဆိုထားပါတယ်။ ကုမ္ပဏီ ဘက်ကတော့ သူ့ရဲ့ ဝန်ထမ်းတွေမနစ်နာစေဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့လဲ ပြောထားပါတယ်။ Cambridge Analytica ရဲ့ parent company “SCL” ဟာလည်း ဒေဝါလီခံဖို့ အစပြုနေပြီလို့ ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်။

Cambridge Analytica ရဲ့ စီအီးအို Alexander Nix ကတော့ US ပါလီမန်ရဲ့ ခေါ်ယူစစ်ဆေးမှုကို ခံရပြီးတဲ့နောက်မှာတော့ ကုမ္ပဏီကနေ နှုတ်ထွက်ခဲ့ပါတယ်။ အခုလို ကုမ္ပဏီ ဖျက်သိမ်းလိုက်တာဟာ ရှောင်းပြေးနည်းတစ်မျိုးဖြစ်တယ်လို့ ယူဆသူတွေလည်းရှိပါတယ်။

ကုမ္ပဏီဒေဝါလီ ခံသွားရပေမယ့် စုံစမ်းစစ်ဆေးမှုတွေကိုတော့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ US ပါလီမန် ဥက္ကဋ္ဌ Damian Collin က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။


Facebook အချက်အလက်တွေကို ခိုးယူ ရောင်းချတယ်လို့ စွပ်စွဲခံရတဲ့ Cambridge Analytica ရဲ့ ဂယက်ရိုက်မှုဟာ ဒီလောက်နဲ့ ပြီးသွားမှာမဟုတ်ဘဲ ဒီထက်မက ဆက်လက်ကြီးထွားလာနိုင်သေးတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဖြေရှင်းလို့ မပြီးနိုင်တဲ့ facebook ရဲ့ ပဋ္ဌိပက္ခတွေကတော့ ကြီးထွားပြီးရင်း ကြီးထွားဖြစ်နေတုန်းပါပဲ။ ဒီကိစ္စမှာ ဘယ်သူတွေဘာဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါ။ နောက်ထပ်ထူးခြားတဲ့ အကြောင်းအရာတွေ တပ်ဖြစ်လာခဲ့ရင်လည်း ဆက်လက်ဖော်ပြပေးသွားပါဦးမယ်နော်။

 

Via

,

Leave a Reply

Your email address will not be published. Required fields are marked *