မြန်မာနိုင်ငံမှာကြိုတင်မှာယူနိုင်ပြီဖြစ်တဲ့ Samsung Galaxy S9+

Samsung ရဲ့နောက်ဆုံး flagship handset ဖြစ်တဲ့ Galaxy S9+ ကိုတော့ မြန်မာနိုင်ငံမှာ မတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကြိုတင်အော်ဒါမှာယူနိုင်ပြီပဲဖြစ်ပါတယ်။ MWC မှာ Samsung Galaxy S9 နဲ့ S9+ ဖုန်း ၂ မျိုးကိုမိတ်ဆက်ခဲ့တာဖြစ်ပေမယ့် လက်ရှိ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကြိုတင်မှာယူနိုင်တာကတော့ Galaxy S9+ တစ်မျိုးတည်းသာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့က ၁၂ သိန်း ၇ သောင်းကျော်ရှိနေပြီး 128 GB တစ်မျိုးတည်းသာ ကြိုတင်မှာယူနိုင်ဉီးမှာပါ။ Samsung ဟာ မတ်လ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ Pre-order မှာယူသူတွေကိုလက်ဆောင်ပစ္စည်းတွေအများကြီးပေးအပ်သွားမှာလည်းဖြစ်လို့ စိတ်လှုပ်ရှားစရာပါပဲ။

Galaxy S9 နဲ့ S9+ တို့ unpacked ပွဲကို Novotel မှာ တနင်္ဂနွေည နဲ့ တနင်္လာနံနက်ပိုင်းလောက်မှာ Launch event တစ်ခုပြုလုပ်ပြီး Samsung အဖွဲ့အစည်းနဲ့အတူ Samsung fan တချို့တို့ တိုက်ရိုက်ကြည့်ရှု့ခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိ S9+ မှာအကြွေဆုံးအပိုင်းကတော့ Slow mo ကင်မရာနဲ့ 3D emoji အပိုင်း လို့ပဲဆိုပါရစေ။

 

Source

, ,

Leave a Reply

Your email address will not be published. Required fields are marked *