Huawei နဲ့ Honor ဖုန်းအချို့မှာစတင်အသုံးပြုနိုင်နေပြီဖြစ်တဲ့ EMUI 9 beta version 

Android ရဲ့နောက်ဆုံး OS ဖြစ်တဲ့ Android Pie ကိုအခြေခံပြုလုပ်ထားတဲ့ EMUI 9 beta version ကိုသတ်မှတ်ထားတဲ့ Huawei နဲ့ Honor ဖုန်းအချို့တွေမှာ စတင်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ကသိရပါတယ်။ EMUI 9 ဟာဆိုရင် အရင် EMUI ရဲ့ User interface အနေအထားတွေနဲ့အများကြီးအပြောင်းလဲသွားတာမျိုးမဟုတ်ပဲ ရိုးရိုးရှင်းရှင်းနဲ့ နှစ်သက်ဖွယ်ကောင်းအောင် ဖန်တီးထားတာဖြစ်တယ်လို့ Huawei ရဲ့ပြောကြားချက်အရသိရှိရပါတယ်။

EMUI 9 မှာဆိုရင် Finger print (သို့) Facial recognition ကနေ ID ကိုယူပြီး Password auto fill ဖြစ်သွားမယ့် Password manager အသစ်၊ App တွေကို Multitasking, Navigate လုပ်တာနဲ့ AI assistant ကိုဖွင့်ရတာပိုပြီးလွယ်ကူရိုးရှင်းအောင် Gesture controls အသစ်၊ Gaming ပိုင်းမှာ performance ကောင်းပြီး ပိုမိုမြန်ဆန်လာအောင် Second generation GPU Turbo 2.0 လည်းထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Clock setting မှာဆိုရင် ပုံမှန်ကနေ ဒစ်ဂျစ်တယ် clock ပုံစံမျိုးပြောင်းလဲဖို့ အရင် EMUI တုန်းကလို တကူးကသွားပြောင်းစရာမလိုတော့ပဲ Double click နှိပ်ရုံနဲ့ပြောင်းလဲနိုင်တာတို့၊ System navigation မှာရွေးချယ်နိုင်တဲ့ option တွေပါဝင်လာတာတို့ အစရှိတဲ့ setting ပိုင်းအပြောင်းအလဲတွေလည်းရှိနေသေးတာလည်းဖြစ်ပါတယ်။

လက်ရှိ EMUI 9 beta ကစတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ ဖုန်းမော်ဒယ်တွေကတော့

Huawei

  • Huawei Mate 10
  • Huawei Mate 10 Pro
  • Huawei P20
  • Huawei P20 Pro

Honor

  • Honor 10
  • Honor View 10
  • Honor Play

တို့ပဲဖြစ်ပါတယ်။ အကယ်၍မိတ်ဆွေဖုန်းဟာဖော်ပြထားတဲ့ မော်ဒယ်တွေထဲကတစ်ခုဖြစ်ပြီး EMUI 9 beta ကိုကြိုတင်စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီကနေ တဆင့်သွားရောက်ရယူနိုင်ပါတယ်။ တစ်ခုရှိတာက EMUI 9 ဟာလက်ရှိမှာ Beta version ပဲရှိနေသေးတာမို့ Bug ကတော့ အနည်းငယ်ရှိနေနိုင်ပါတယ်။ Beta အဆင့်ကိုကျော်လွန်တဲ့အချိန်ကျရင် EMUI 9 အကြောင်းဖော်ပြသွားဖို့အစီအစဉ်ရှိနေသေးတာမို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Asiaapps ကိုဆက်လက်စောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။

Source Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *