Samsung Galaxy S9/S9+ တို့ရဲ့ Red edition ကတော့ တရုတ် Official website မှာဖော်ပြခြင်းခံလိုက်ရပြီနော်

Samsung အနေနဲ့ Galaxy S9/S9+ ကို Midnight Black, Coral Blue, Titanium Gray, Lilac Purple အစရှိတဲ့ Color option ၄ မျိုးနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အချိန်အနည်းကပဲ Red edition ဆိုတဲ့ Color option အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Red edition အသစ်ကိုတော့ Samsung (Chinese) ဝက်ဆိုဒ်မှာသာဖော်ပြထားတာဖြစ်ပြီး Chinese မဟုတ်တဲ့ တခြား Region webiste တွေမှာတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ဖော်ပြသွားတဲ့ Samsung Galaxy S9/S9+ တို့ရဲ့ Red edition ဟာ S8 ရဲ့ Burgundy Red အရောင်နဲ့ဆင်တူပါပဲ။

ပုံမှန်ဆို Samsung ဟာ ဖုန်းမော်ဒယ်အသစ်တစ်ခုရဲ့ Edition အသစ်ကို နှစ်ကုန်ခါနီးလောက်မှချပြတတ်တာပါ။ (နိုဝင်ဘာ (သို့) ဒီဇင်ဘာမရောက်ခါနီးလောက်မှာပေါ့..) ဒါပေမယ့် အခုဆိုရင် Samsung ဟာ S9/S9+ အတွက် Color option အသစ်ကို နှစ်လယ်လောက်မရောက်ခင် စတင်ချပြလိုက်တာကြောင့် အရင်နှစ်တွေထက်စာရင် တော်တော်လေးစောလှတဲ့အနေအထားပါ။

 

S9+ red edition ရဲ့စျေးနှုန်းကတော့ ယွမ် ၆,၉၉၉ ဖြစ်ပြီး 128GB storage ပါဝင်မှာဖြစ်ပါတယ်။ S9 red edition ကိုတော့ 64 GB (သို့) 128 GB storage နဲ့ဝယ်ယူနိုင်မှာပါ။ S9 (64GB) ကတော့ ယွမ် ၅,၇၉၉ ဖြစ်ပြီး S9(128GB) စျေးနှုန်းကတော့ ယွမ် ၆,၀၉၉ လို့သတ်မှတ်ထားတာဖြစ်ပါတယ်။ S9/S9+ အတွက် red edition အသစ်ကိုတော့ လက်ရှိတရုတ်မှာတော့ ဘိုကင်လုပ်ထားနိုင်ပါပြီ။

Brand ambassador မော်ဒယ်အချောလေးတွေကိုကြည့်ပြီး S9/S9+ red edition ကိုတခြား region တွေအတွက်မျှော်လင့်ရင်း…….

 

Source (Samsung China)

, ,

Leave a Reply

Your email address will not be published. Required fields are marked *