သင့်ရဲ့ နေ့စဉ်အဝတ်အစားဖက်ရှင်ကို တာဝန်ယူပေးမယ့် Cladwell

အပြင်ထွက်တော့မယ်ဆိုရင် ခေါင်းအစားဆုံး အချိန်က အဝတ်အစားရွေးတဲ့ အချိန်ပါပဲ။ လူတော်တော်များများက အဝတ်အစားရွေးချယ်ဝယ်ယူတဲ့အခါ အလှဆုံးကိုသာ ရှာဖွေတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း ဝတ်မယ့်အချိန်မှာတော့ ကိုယ်နဲ့ မလိုက်ဘူးထင်ပြီး သောကရောက်ကြရပြန်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စစ်တမ်းအရ ၁၉၃၀ ခုနှစ်မှာ လူတစ်ယောက် ပိုင်ဆိုင်တဲ့ ပျမ်းမျှ အဝတ်အထည်အရေ အတွက်က ၃၉ထည်ပဲရှိပါတယ်။ အဲ့တုန်းကတော့ အဝတ်အစားနဲ့ပတ်သက်ပြီး အေးအေးဆေးဆေးပါပဲ။ နှစ်တွေအလီလီ ကူးပြောင်းလာပြီး မျက်မှောက်ခေတ် အခုအချိန် ရောက်လာတဲ့အခါ မှာတော့ လူတစ်ယောက်ဟာ ပျမ်းမျှ အဝတ်အထည်အရေအတွက်က ရာကျော် နီးပါး
ပိုင်ဆိုင်လာကြ ပါတယ်။ ဒါပေမယ့် မနက်တိုင်း များပြားလှတဲ့ အထည်တွေနဲ့ ပူပင်သောကရောက်နေကြရပါတယ်။ အကြောင်းအရင်းကတော့ လိုက်ဖက်တဲ့ ဖက်ရှင်အမျိုးအစားကို ရွေးချယ်ပြီး မဝတ်တတ်ကြလို့ပဲဖြစ်ပါတယ်။

Cladwell က သင့်ကို ဘယ်လို စတိုင် အဝတ်အစားမျိုး ဝတ်ရမလဲ၊ ဘယ်လို ဖက်ရှင်တွေကို ရွေးဝယ်သင့်လဲ ဆိုတဲ့ စိတ်ကူးတွေ ပေးမှာပါ။ App ထဲမှာ သင့်ဆီမှာရှိတဲ့ အဝတ်အစားတွေနဲ့ ဆင်တဲ့ အမျိုးသား၊ အမျိုးသမီး အဝတ်အထည်ဒီဇိုင်း ၁ သောင်းလေးထောင်ကျော် ကို Browse လုပ်နိုင်ပါတယ်။ အကယ်၍ သင့်ဆီမှာ ရှိတဲ့ အထည်ဒီဇိုင်းတွေ ပါမလာခဲ့ရင် ကိုယ်ရှာချင်တဲ့ အထည်ရဲ့ ဓာတ်ပုံနဲ့ အလျင်အမြန် upload လုပ်ပြီး လိုက်ဖက်တဲ့ ဒီဇိုင်းကို ကြည့်နိုင်ပါတယ်။

နေ့စဉ်နေ့တိုင်း လိုက်ဖက်တဲ့ အဝတ်အစား ဖက်ရှင်ပုံစံတွေကို ယှဉ်တွဲပေး မှာမို့လို့ ကိုယ်ပိုင် ဒီဇိုင်နာ တစ်ယောက်ရရှိထားသလို ဖြစ်နေမှာပါ။ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ အခမ်းအနားတစ်ခုခုရှိလို့ပဲဖြစ်ဖြစ်၊ ခရီးအတွက်ပဲဖြစ်ဖြစ် ဝတ်စုံရွေးချယ်တဲ့အခါ သင့်ကို ခေါင်းမစားရလေအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ iOS တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်ပါသေးတယ်။ File size အရွယ်အစားက 176MB ရှိပြီး App Store မှာ free download လုပ်နိုင်ပါတယ်။ အသုံးပြုရင် အရင် log in (သို့) create account လုပ်ပေးဖို့လိုအပ်ပါတယ်။

 

Image Source – Cladwell

,

Leave a Reply

Your email address will not be published. Required fields are marked *