iOS တွေအတွက် ထူးခြားတဲ့ Black & White ဓာတ်ပုံ နဲ့ color ချိန်ညှိနိုင်တဲ့ Color Splash

ဓာတ်ပုံကောင်း တစ်ပုံရရှိဖို့ အတွက် color ချိန်ညှိတဲ့ အပိုင်းက အရမ်းကို အရေးကြီးပါတယ်။ အဲ့တာကြောင့် အခုနောက်ပိုင်းရေပန်းစားနေတဲ့ အဖြူအမဲ ဓာတ်ပုံပေါ်မှာ color တင်တဲ့ apk လေးနဲ့ မိတ်ဆက်ပေးထားပါတယ်။

Color Splash က လွယ်ကူမြန်ဆန်စွာနဲ့ ထူးခြားကောင်းမွန်ပြီး အမြင်ဆန်းတဲ့ ဓာတ်ပုံတွေ ရအောင်ပြုလုပ်ပေးမယ့် apk ပါ။ ဓာတ်ပုံတစ်ခုလုံးကို အဖြူအမဲ ပြောင်းပြီး လိုချင်တဲ့နေရာလေးကိုပဲမူရင်း color ထား ရမှာဖြစ်ပါတယ်။ အဖြူအမည်းပေါ်မှာ ကိုယ်အသားပေး ဖော်ပြချင်တဲ့ ပစ္စည်း (သို့) နေရာရှိရင် ပိုပြီးပေါ်လွင်နေစေဖို့ ဖြစ်ပါတယ်။ ရိုးရိုး သာမန် ဓာတ်ပုံတွေနဲ့ ကွဲပြားတဲ့ ပုံစံထွက်နေမှာဖြစ်လို့ ဓာတ်ပုံကို တွေ့တဲ့သူတွေ အမြင်မှာ တစ်မျိုးတစ်ဖုံ ဆန်းသစ်နေမှာပါ။

Apk ထဲမှာ Tutorial video နဲ့ ဘယ်လို အသုံးပြုရမယ်ဆိုတာ ရှင်းပြပေးမှာဖြစ်လို့ မိနစ်အနည်းငယ်အတွင်း ဓာတ်ပုံတွေကို edit လုပ်နိုင်ပါတယ်။ တစ်ခုခု အမှား လုပ်မိရင် ချက်ချင်း ပြန်ဖျက်နိုင်တဲ့ undo mode ပါဝင်လို့ စိတ်တိုင်းကျတဲ့ ဓာတ်ပုံရတဲ့အထိ ပြင်ဆင်နိုင်ပါတယ်။ Color ထည့်တဲ့ brush အရွယ်အစားကိုရွေးချယ်နိုင်ပြီး zoom in, zoom out ပါလုပ်နိုင်လို့ အသေးစိတ် နေရာသေးသေးလေးကအစ perfect ဖြစ်အောင် edit နိုင်ပါတယ်။

Rating 4.8 ရှိနေပြီး လတ်တလော အသုံးပြုသူများနေတဲ့ apk တစ်ခုဖြစ်ပါတယ်။ ဖိုင်အရွယ်အစားကလည်း 4.6 MB ပဲရှိလို့ သိပ်ပြီး မများတဲ့ အရွယ်အစားလို့ပြောလို့ရပါတယ်။ စိတ်ဝင်စားလို့ Download လုပ်ယူချင်ရင် အောက်က လင့် မှာ $၀.၉၉ (မြန်မာငွေ ၁၃၃၆.၅ ကျပ် – ဈေးနှုန်းအပြောင်းအလဲရှိနိုင်) နဲ့ ဝယ်ယူနိုင်ပါတယ်။

Link – Color Splash

,

Leave a Reply

Your email address will not be published. Required fields are marked *