လှပတဲ့ ဒီဇိုင်းတွေကို အရောင်ခြယ်နိုင်မယ့် Colorfy: Coloring Book

ဒီတစ်ခေါက်မှာတော့ ကျွန်မတို့ ငယ်ငယ်တုန်းက အရမ်း crazy ဖြစ်ခဲ့တဲ့ အရောင်ခြယ် စာအုပ် application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကလေးတုန်းကတော့ အရမ်းကြိုက်ခဲ့ပေမယ့် နောက်ပိုင်းမှာ သိမ်းဖို့ဆည်းဖို့နေရာမရှိတာရယ် အချိန်မပေးနိုင်တာရယ်ကြောင့် အရောင်ခြယ်စာအုပ်လေးတွေနဲ့ ဝေးကွာခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် အခု application ရှိနေပြီဖြစ်လို့ ကိုယ့်စိတ်ကြိုက် ကာလာ ဒီဇိုင်းတွေကို အချိန်တိုင်းနေရာတိုင်းမှာထုတ်ပြီး ဖန်တီးလို့ ရနေပါပြီနော်။

ကိုယ့်စိတ်ကြိုက် ပုံတစ်ပုံကိုရွေးခြယ်ပြီး ခြယ်ချင်တဲ့ အရောင်လေးကို တစ်ချက်နှိပ်လိုက်ရုံနဲ့ color ခြယ်ပြီးသား ဖြစ်သွားမှာမို့လို့ အသုံးပြုရတာ ရိုးရှင်းလွယ်ကူပါတယ်။

Library ထဲမှာ Basic, Florals, Animals, Famous, Massages, Cats, Lifestyle, Gardens စတဲ့ ရုပ်ပုံဒီဇိုင်း ၁၀၀၀ ကျော် ပါဝင်မှာဖြစ်တယ်။ သူပေးထားတဲ့ Library ထဲက ဒီဇိုင်းတွေကိုပဲ အရောင်ခြယ်လို့ရသလို မိတ်ဆွေစိတ်ကြိုက် ကိုယ်ပိုင်ဒီဇိုင်းပုံ ရေးဆွဲပြီးလည်း အရောင် ခြယ်လို့ရပါတယ်။ အရမ်းမိုက်တဲ့ အခြား features တွေအများကြီး ပါဝင်ဦးမှာဖြစ်တဲ့အတွက် ကိုယ်တိုင်အသုံးပြုကြည့်သင့်ပါတယ်။ Subscribe လုပ်ပြီး ငွေကြေးနဲ့ အသုံးပြုနိုင်သလို့ subscribe မလုပ်ပဲနဲ့လည်း အခမဲ့အသုံးပြုနိုင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းပြီး အသုံးပြုရလွယ်ကူတဲ့ application လေးဖြစ်တာကြောင့် မိတ်ဆွေသဘောကျနှစ်သက် မှာဖြစ်တယ်။ Wifi ရော internet ရော နှစ်မျိုးစလုံး မရှိပဲနဲ့ လည်း အသုံးပြုနိုင်ပါတယ်။ လှပတဲ့ဒီဇိုင်းတွေကို အရောင်ခြယ်ပြီး အလွယ်တကူ သိမ်းဆည်းထားနိုင်တဲ့အပြင် facebook, Instagram, Twitter စတဲ့ social media website တွေမှာတင်ပြီး ဝေမျှလို့လည်းရပါသေးတယ်။

Android, iOS နှစ်မျိုးစလုံးမှာ free to download ပါ။ Android မှာတော့ devices တိုင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး iOS မှာတော့ version 9.0 အထက်ရှိမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ စိတ်ကူး၊ အမြင် လေးတွေနဲ့ color ဒီဇိုင်းလေးတွေခြယ်ပြီး စိတ်အပန်းဖြေနိုင်ကြပါစေ။

 

 

 

Image Source – Colorfy: Coloring Book

,

Leave a Reply

Your email address will not be published. Required fields are marked *