ချစ်စရာကောင်းတဲ့ ပြဇာတ်ရုံလေးတွေ တည်ဆောက်နိုင်မယ့် Complete Fairytale Theatre

Nosy Crow ရဲ့ အတွေ့အကြုံ အသစ် အနေနဲ့ တီထွင်ထုတ်လုပ်ထားတဲ့ app ဖြစ်ပါတယ်။ အဓိက လုပ်ဆောင်နိုင်မှာက ဇာတ်စင် အသေးစားလေးပေါ်မှာ ကိုယ့်စိတ်ကြိုက် ဇာတ်ဆောင်ပုံစံတွေ ရွေးချယ်ပြီး ကလေးဘဝတုန်းက အရမ်းကြိုက်ခဲ့ရတဲ့ နတ်သမီးပုံပြင်တွေကို ပြဇာတ်တွေအဖြစ်ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ်။

App ထဲမှာပါဝင်တဲ့ content တွေ အားလုံးကို နောက်ထပ် ထပ်မံ ဝယ်စရာမလိုပဲ unlock လုပ်နိုင်တာက Complete Fairytale Theatre ရဲ့ အားသာချက်တစ်ခုပါ။ Featuring အနေနဲ့ ယူထားတဲ့ ဇာတ်ဆောင်တွေတွေထဲမှာ နာမည်ကြီး ကာတွန်းဇာတ်လမ်းတွေဖြစ်တဲ့ The Three Little Pigs, Cinderella, Little Red Riding Hood, Jack and the Beanstalk, Snow White နဲ့ Goldilocks and Little Bear ထဲက ဇာတ်ဆောင်တွေ ပါဝင်ပါတယ်။

ပြဇာတ်ကို အသက်သွင်းဖို့အတွက် များပြားတဲ့ နောက်ခံတွေနဲ့ ဇာတ်ဆောင် အမျိုးပေါင်း ၆၀ကျော်ကို စိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ ပြဇာတ်ထဲက သရုပ်ဆောင်လေးတွေရဲ့ စကားပြောသံကို ကိုယ့်ရဲ့ ကိုယ်ပိုင်အသံ ထည့်သွင်းနိုင်ပြီး ပိုမိုဆွဲဆောင်မှုရှိစေဖို့အတွက် အသံပိုင်းဆိုင်ရာ ပြင်ဆင်ချက်တွေ ကိုပါ လုပ်ဆောင်လို့ရပါတယ်။ ဇာတ်ဆောင်လေးရဲ့ အဝတ်အစား ဖက်ရှင် ဒီဇိုင်းတွေကိုလည်း ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပေးလို့ရပါတယ်။ ပုံပြင် အသစ်တွေ ထပ်မံဖန်တီးလို့ရတဲ့အပြင် ကိုယ့်ရဲ့ ကိုယ်ပိုင် စကားသံကိုပါ ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် စိတ်ကူးနဲ့ ထပ်တူကျတဲ့ ပြဇာတ်တစ်ခု ဖန်တီးနိုင်တဲ့ app ဖြစ်ပါတယ်။

အကယ်၍ သင်က ပုံပြင်တွေကို ကြိုက်နှစ်သက်ပြီး အသစ်အဆန်းတွေ တီထွင်ရတာ ဝါသနာပါတဲ့ သူတစ်ယောက်ဆိုရင်တော့ Complete Fairytale Theatre app က သင့်ကို ပျော်ရွှင်စေမှာပါ။ သားသားမီးမီး လေးတွေအတွက်လည်း ဗဟုသုတအသိအမြင်တွေ တိုးတက်စေဖို့အတွက် ပုံပြင်ပြဇာတ်ပေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။ စိတ်ဝင်စားလို့ အသုံးပြုချင်တယ်ဆိုရင်တော့ App Store မှာ ၆၆၁၆ ကျပ် ဝန်းကျင်နဲ့ ဝယ်ယူနိုင်ပါတယ်။ ဒေါ်လာဈေး အပြောင်းအလဲရှိနိုင်လို့ ဈေးနှုန်းကွာဟချက် အနည်းငယ်ဖြစ်နိုင်ပါတယ်။


iOS အတွက်ပဲ သုံးနိုင်ပါသေးတယ်။ ဖိုင်အရွယ်အစားက 465.1MB ရှိပါတယ်။ iOS ver 8.0 နှင့်အထက်ရှိရင် download လုပ်နိုင်ပါပြီ။ iPhone, iPad ,iPod touch တို့နဲ့လည်းအသုံးပြုနိုင်ပါတယ်။

 

Image Source – Complete Fairytale Theatre

,

Leave a Reply

Your email address will not be published. Required fields are marked *