အဆင်အပြင်ပုံစံကို ပြောင်းလဲခဲ့လို့ အသုံးပြုသူတွေရဲ့ ဒေါပွခြင်းခံနေရတဲ့ Instagram

၂၀၁၈ ခုနှစ်ရဲ့ အပိတ်အဖြစ် Instagram က နောက်ဆုံ update အသစ်တစ်ခုကို မကြာခင်က ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ update ဟာ app ရဲ့ အတွင်းပိုင်း အပြင်အဆင်တစ်ခုလုံးကိုပြောင်းလဲပစ်လိုက်တာကြောင့် အသုံးပြုသူတွေရဲ့ မကျေမနပ်ဖြစ်ခြင်းကို ခံထားရပါတယ်။ ပြောင်းလဲထားတဲ့ Layout အသစ်က အရင်တုန်းက အပေါ်နဲ့အောက် ဆွဲသွားရတဲ့ ဒီဇိုင်းကနေ အခု ဘယ်ကနေ ညာဘက် အဖြစ်ပြောင်းလိုက်တာပါ။

အသုံးပြုသူတွေကတော့ အဲ့ဒီပြောင်းလဲချက်တွေကို “စိတ်ပျက်ဖို့ကောင်းတယ်” “မုန်းတယ်” လို့ပဲပြောနေကြပါတယ်။ တစ်ချို့ဆိုရင် အဲ့ဒီ update ကို ၂၀၁၉ မရောက်ခင် ချက်ချင်းတောင်ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပါတယ်။

နောက် comment တစ်ခုကတော့ “ဒီ အံ့အားသင့်ဖွယ် update နဲ့ ငါ့ဘဝကို ဖျက်ဆီးလိုက်တဲ့အတွက် ကျေးဇူးပါ IG ရေ” လို့ရေးထားပါတယ်။ ဘဝတောင်ပျက်သွားတယ်ဆိုတော့ ဟုတ်လား မဟုတ်လား မသိပေမယ့် တော်တော်ဆိုးဆိုးပါပဲ။

အခြား comment တွေလည်း အပြိုင်အဆိုင်ရေးထားကြပါသေးတယ်။ ကောင်းတဲ့ comment တွေလည်း ပါပါတယ်။ ဒါပေမယ့် မကြိုက်တဲ့ comment တွေကတော့ ပိုများပါတယ်။

Post တွေကို အပေါ်ကနေ အောက်ကိုဆွဲပြီ ကြည့်တဲ့ပုံစံကနေ ခုလို ဘယ်ကနေညာ ဖြစ်သွားတယ်ဆိုတော့ သုံးရတာတော့ ကသိကအောက်ကြီး ဖြစ်နေဦးမှာပါ။ ဘော်ဘော်တို့ထဲမှာကော IG ကို update လုပ်ပြီးမှ Layout ကြီးပြောင်းသွားလို့ အကြပ်ရိုက်နေတဲ့ သူတွေရှိကြလား ???

Via

, ,

Leave a Reply

Your email address will not be published. Required fields are marked *