နေ့စဉ်နေတိုင်း ဗဟုသုတရမယ့် စာတိုလေးတွေ အမြဲပေးပို့ပေးနေမယ့် Daily Random Facts

သင့်ကိုနေ့စဉ်နေ့တိုင်း ဗဟုသုတရမယ့် စာတိုလေးတွေ ပို့ပေမယ့် application ဖြစ်ပါတယ်။ သူပို့ပေးတဲ့ အထဲမှာ သင်သိထားပြီးတဲ့ အကြောင်းအရာတွေရော မသိသေးတဲ့အကြောင်းအရာတွေရော အားလုံး ပါဝင်မှာပါ။

Daily Random Facts မှာ နေ့စဉ်နေ့တိုင်း အလုပ်တွေနဲ့ ပိနေပြီး စာအုပ်ဖတ်ဖို့ အချိန်မရသူတွေ အတွက် ဗဟုသုတရမယ့် စာတိုပေါင်း တစ်ရာကျော် ကိုထည့်သွင်းပေးထားပါတယ်။ သင်မသိသေးတဲ့ ကမ္ဘာ အရပ်ရပ်က စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများစွာကို နေ့စဉ်နေ့တိုင်းလေ့လာနိုင်လို့ အရမ်းကို အကျိုးရှိပါတယ်။

အကြောင်းအရာတွေကို General, Human Body, Language, Animal, Food, Sports စတဲ့ ခေါင်းစဉ်နယ်ပယ်တွေနဲ့ ခွဲခြားထားပါတယ်။ Free အနေနဲ့ General ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး အခြားအကြောင်းအရာ တွေကို သိရှိချင်ရင် Premium content ကို iTunes account နဲ့ ၁လစာ၊ ၆လစာ၊ တစ်နှစ်စာ အထိ ဝယ်ယူနိုင်ပါတယ်။ Fonts Style နဲ့ အရောင်ကို စိတ်ကြိုက်ရွေးချယ်ပြောင်းလဲနိုင်ပြီး အင်တာနက် မလိုပဲ offline လည်း အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ကြိုက်နှစ်သက်တဲ့ စာသားတွေ့ရင် save ပြီး သိမ်းဆည်းထားလို့ရပါတယ်။ သင့်ကို အသိပညာ ကြွယ်ဝတဲ့ သူတစ်ယောက်ဖြစ်လာစေမယ့် application ဖြစ်ပြီး အသစ်အသစ် သော အကြောင်းအရာတွေကို နေ့စဉ်နေ့တိုင်း လေ့လာနိုင်လို့ အသုံးတည့်မယ်လို့ ယုံကြည်ပါတယ်။

Android, iOS နှစ်မျိုးစလုံးနဲ့ free အသုံးပြုနိုင်ပါတယ်။ Rating ပိုင်းမှာ Android အတွက် 4.2 နဲ့ iOS အတွက် 4.8 အထိ ရရှိနေပါတယ်။

 

Image Source – Daily Random Facts

, ,

Leave a Reply

Your email address will not be published. Required fields are marked *