လှပတဲ့နံနက်ခင်းကို သာယာနာပျော်ဖွယ် ကျေးငှက်အသံလေးတွေနဲ့ နိုးထရမယ့် Dawn Chorus

နံနက်ခင်းကို နောက်ကျမှအိပ်ရာထတတ်တဲ့ အိပ်ပုပ်လေးတွေအတွက် Alarm က မရှိမဖြစ်လိုအပ်တဲ့အရာ တစ်ခုဖြစ်ပါတယ်။ Phoneထဲက သီချင်းသံတွေ၊ နာရီalarm သံတွေ စတဲ့ ဆူဆူညံညံ အသံတွေနဲ့နိုးမထချင်တဲ့ မိတ်ဆွေတို့အတွက် ငှက်ကလေးတွေ ရဲ့အသံလေးတွေနဲ့ အိပ်ရာက နိုးထလို့ရပါပြီ။

Dawn Chorus မှာ Brown creeper, Tennessee Warbler, Black-and- white Warbler, Magnolia Warbler ,American Redstart, Pine Siskin, Ovenbird စတဲ့ငှက်လေးတွေအပြင် ငှက်အမျိုးအစားပေါင်း ၂၀ရဲ့ အသံတွေ ပါဝင်ပါတယ်။ Alarmမှာ ငှက်အသံ ၅သံ ထည့်သွင်းနိုင်မှာဖြစ်ပြီး မိတ်ဆွေမပိတ်မချင်း ၅မိနစ်အတွင်းမှာ လှည့်ပတ်ပြီးမြည်နေမှာဖြစ်တယ်။ ငှက်သံဖြစ်လို့ အိပ်ရာက မနိုးမှာမပူပါနဲ့။ အသံတွေအကုန်လုံးက ပေါင်းစုပြီး စူးစူးရှရှနဲ့ အော်မြည်နေမှာမို့ လန်းလန်းဆန်းဆန်းနိုးထနိုင်မှာ ဖြစ်တယ်။

Silent လုပ်ထားရင်လည်း alarm သံမြည်နိုင်မှာဖြစ်ပြီး သာမန် alarm clock တွေလိုမျိုး stop နဲ့ snooze တို့ပါဝင်မှာဖြစ်တယ်။ အပြင်က တကယ့်ငှက်တွေရဲ့ အသံလေးတွေကို သေသေချာချာ research လုပ်ပြီးထည့်သွင်းထားတာမို့လို့ တကယ်ငှက်တွေအော်မြည်နေသလိုပဲ ခံစားရမှာဖြစ်တယ်။ သစ်ပင်တွေရှားပါးနေပြီး ငှက်သံကြားရခဲတဲ့ နေရာဒေသတွေအတွက် တကယ့်ကျေးလတ်ဒေသရဲ့ လတ်ဆက်တဲ့ ကျေးငှက်သာရကာအသံလေးတွေကို မနက်စောစောအိပ်ရာအထမှာ ကြားရမှာဖြစ်တဲ့အတွက် တစ်နေလုံး စိတ်ကြည်နူးပျော်ရွှင်နေမှာအမှန်ပါပဲ။ လတ်ဆက်တဲ့ သဘာဝအလှတရားကို ခံစားနိုင်မယ့် alarm app လေးဖြစ်တာမို့ download လုပ်ထားဖို့ recommend ပေးချင်ပါတယ်။

Android နဲ့ IOS နှစ်ခု စလုံးမှာ free download လုပ်နိုင်ပြီး Android အတွက် version 4.1 နှင့်အထက်၊ IOS အတွက် ios 10.0 နှင့်အထက် မှ Download ရယူနိုင်မှာဖြစ်ပါတယ်။ Application ရဲ့လက်ရှိနောက်ဆုံးထွက်ထားတဲ့ version ကတော့ 1.1 ဖြစ်ပါတယ်။

 

 

Image Source – Dawn Chorus

,

Leave a Reply

Your email address will not be published. Required fields are marked *