iPhone7 , iPhone8 နှင့် iPhoneX တို့၏ ကွာခြားချက်များ

iPhone ဝယ်ယူတော့မယ်ဆိုရင် ဘယ် မော်ဒယ် ဝယ်ရင်ကောင်းမလဲဆိုပြီး စဉ်းစားရခက်နေသူတွေအတွက် ကိုယ်နဲ့သင့်လျော်တာကို ရွေးချယ်ဝယ်ယူတတ်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အခုဖော်ပြမှာ က ထွက်ရှိထားပြီးဖြစ်တဲ့ iPhone7, iPhone8 နဲ့ iPhoneX တို့ရဲ့ ကွာခြားချက်တွေပါ။ အကယ်၍ သင်က iPhone မော်ဒယ်တွေ အကြောင်းစိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ်။

 

iPhone7

အခုပထမဦးဆုံးပြောပြချင်တာတော့ iPhone7 အကြောင်းပါ။ သူက အနက်ရောင်၊ မီးခိုးရောင်၊ ငွေရောင်၊ ရွှေရောင် နဲ့ ပန်းရောင် ဆိုပြီး အရောင် ၅မျိုးထွက်ပါတယ်။ iPhone8 နဲ့ iPhoneX တို့နဲ့ ယှဉ်ရင်တော့ ရွေးချယ်စရာ အရောင်ပိုစုံ ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ 4.7 လက်မပါ။ ကင်မရာရိုးရိုးပဲရပြီး ရုပ်ထွက် 12MP ရှိပါတယ်။ Touch ID လက်ဗွေ စနစ် နဲ့ A10 Fusion chip with 64-bit architecture ကိုသုံးထားပါတယ်။ Charging စနစ်က ရိုးရိုး charging ပဲရပါတယ်။ Wireless charging စနစ်မရပါဘူး။  Display က Retina HD ပါ။ Touch က 3D touch ပါ။ အလေးချိန် ၁၃၈ ဂရမ်၊ အမြင့် ၅.၄၄ လက်မ၊ အကျယ် ၂.၆၄ လက်မ၊ ဇောက်အနက် ၀.၂၈လက်မ ဖြစ်ပါတယ်။ ဈေးနှုန်းက $549၊ မြန်မာငွေ ၇သိန်း ကျော်ကျော်လောက်ရှိပါတယ်။

 

iPhone8

iPhone8 ကို ငွေရောင်၊ အနက်ရောင် နဲ့ ရွှေရောင် အရောင်သုံးမျိုးထုတ်ထားပါတယ်။ မျက်နှာပြင်အရွယ်အစား 4.7 လက်မ ရှိပါတယ်။ iPhone7 လိုပဲ ရိုးရိုး ကင်မရာ 12MP နဲ့ Touch ID ပါဝင်ပါတယ်။ iPhone 7 မှာသုံးထားတဲ့ Apple A10 Chip ထက် ၂၅ရာခိုင်နှုန်း ပိုမြန်ပြီး M11 motion co-processor ပါဝင်တဲ့ A11 Bionic chip with 64-bit architecture ကိုအသုံးပြုထားပါတယ်။ Wireless charging စနစ်ပါဝင်လို့ အားသွင်းကြိုးမလိုပဲ အားသွင်းနိုင်ပါတယ်။ Display က Retina HD ဖြစ်ပြီး touch က 3Dtouch ပါ။ အလေးချိန် ၁၄၈ ဂရမ်၊ အမြင့် ၅.၄၅ လက်မ၊ အကျယ် ၂.၆၅ လက်မ၊ ဇောက်အနက် ၀.၂၉ လက်မ ရှိပါတယ်။ ဈေးနှုန်းက $699 ၊ မြန်မာငွေ ၉ သိန်းကျော်လောက် ကုန်ကျမှာပါ။

 

iPhoneX

iPhone X ကတော့ အခုနောက်ဆုံး ထွက်ရှိထားတဲ့ model ပါ။ ငွေရောင်နဲ့ အနက်ရောင် နှစ်မျိုးပဲလာပါတယ်။ မျက်နှာပြင်အရွယ်အစားက ၅.၈ လက်မပါ။ အခြား model တွေနဲ့မတူတဲ့ ထူးခြားချက်တစ်ခုက Face ID ပါခြင်းပဲဖြစ်ပါတယ်။ ကင်မရာက အသေးလေးတွေအထိ ရိုက်ကူးနိုင်တဲ့ telephoto camera အမျိုးအစား ဖြစ်ပြီး ရုပ်ထွက်က 12MP ရှိပါတယ်။ iPhone8 လိုပဲ A11 Bionic chip with 64-bit architecture ကို အသုံးပြုထားပါတယ်။ လတ်တလောမှာ အကောင်းဆုံးဖြစ်နေတဲ့ model တစ်ခုဖြစ်ပါတယ်။ iPhone8 တုန်းကလို Wireless charging စနစ်ပါဝင် ပါတယ်။ Display က Super Retina HD ဖြစ်လို့ အခြား model တွေထက်ပိုသာပါတယ်။ အလေးချိန် ၁၇၄ဂရမ်၊ အမြင့်က ၅.၆၅ လက်မ၊ အကျယ် ၂.၇၉ လက်မ၊ ဇောက်အနက် ၀.၃၀လက်မ၊ အသီးသီးရှိပါတယ်။ ဈေးနှုန်းကတော့ $999၊ မြန်မာငွေနဲ့ဆိုရင် ၁၃သိန်းဝန်းကျင်လောက်ရှိပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ iPhone generation တွေထဲမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ပြီး အသုံးပြုလို့လည်း အကောင်းဆုံးလို့ဆိုလို့ရပါတယ်။

ကဲ အခုဆိုရင် iPhone အမျိုးအစား သုံးခုရဲ့ ကွဲလွဲချက်တွေကို သိသင့်သလောက်သိရှိပြီး ဖြစ်ပါတယ်နော်။ ထပ်မံသိရှိလိုပါက www.apple.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

 

မှတ်ချက် – iPhone တွေရဲ့ မြန်မာစျေးနှုန်းကိုဖော်ပြတဲ့နေရာမှာ Shipping အခွန်တွေမပါဝင်ပါဘူး။

,

Leave a Reply

Your email address will not be published. Required fields are marked *