Android Smartwatch မှာ”Ok Google” detection ကို disable ပြုလုပ်ခြင်းဖြင့် Lag နေတဲ့ပြဿနာကိုဖြေရှင်းနိုင်ပြီ

Android Wear 2.0 device တွေကို အသုံးပြုနေတဲ့ သူတွေဆိုရင် device မှာ တစ်ချက်တစ်ချက် lag နေတဲ့ပြဿနာကိုရင်ဆိုင်ရမှာတော့အမှန်ပါပဲ။ အခုတော့ Android Wear 2.0 device တွေမှာ “Ok Google” detection ကို disable ပြုလုပ်ခြင်းဖြင့် lag တဲ့ပြဿနာကိုဖြေရှင်းနိုင်ကြောင်းသိရှိရပြီဖြစ်ပါတယ်။

Lag တဲ့ပြဿနာရဲ့အဖြေကို စတင်သိရှိခဲ့တာကတော့ Reddit User တစ်ဉီးဖြစ်သူ Yozakgg ဆိုသူဖြစ်ပါတယ်။ Yozakgg ဟာ Huawei Watch 2 user ဖြစ်တာကြောင့် သူ့ရဲ့ Huawei Watch 2 မှာဖြစ်တဲ့ပြဿနာကိုအခြေခံပြီး Reddit မှာ အဲ့ဒီပြဿနာရဲ့အဖြေကို သူဘယ်လိုဖြေရှင်းခဲ့ကြောင်း Post တင်ခဲ့တာပါ။

Redditor Yozakgg


“Ok Google” detection ကို disable ပြုလုပ်ထားခြင်းဖြင့် ပြဿနာပြေလည်သွားပုံကို video ကနေတဆင့်သိရှိနိုင်မှာဖြစ်ပါတယ်။ Video ထဲအတိုင်း Setting ထဲကိုဝင်ပြီးတော့ Personalization ကနေတဆင့် “Ok Google” detection ကိုနှိပ်လိုက်ပြီဆိုတာနဲ့ lag နေတဲ့ပြဿနာကပြေလည်သွားတော့မှာပဲဖြစ်ပါတယ်။

,

Leave a Reply

Your email address will not be published. Required fields are marked *