အသံထွက်တဲ့ စတစ်ကာလေးတွေ ဖန်တီးနိုင်မယ့် DittyMoji – Holidays

Asiaapps က ပရိသတ်ကြီးကို ခုတစ်ခေါက် ဖော်ပြပေးချင်တဲ့ app လေးကတော့ DittyMoji – Holidays ပဲဖြစ်ပါတယ်။ နာမည်ကို မြင်ကတည်းက စတစ်ကာ ဖန်တီးတဲ့ app ဆိုတာကို ရိပ်မိကြမှာပါ။ ဟုတ်ပါတယ်။ DittyMoji – Holidays က စတစ်ကာပြုလုပ်တဲ့ app ဖြစ်ပါတယ်။ ဒါပေမယ့် သူက ရိုးရိုး စတစ်ကာပြုလုပ်တဲ့ App မဟုတ်ပါဘူး။ စတစ်ကာလေးတွေမှာ ကိုယ်ပြောချင်တဲ့ စကားလေးတွေကိုပါ ထည့်လို့ရပါတယ်။ စိတ်ဝင်စားသွားကြပြီမဟုတ်??? သိချင်ရင် ဆက်ပြီး ဖတ်ကြည့်ပေးသွားနော်။

DittyMoji က စတစ်ကာလေးတွေက အသုံးပြုသူစိတ်ကြိုက် စကားပြောပေးသလို သီချင်းလည်း သီဆိုပေးပါတယ်။ သူ့ကို iMessage, Facebook, Twitter, Instagram, Messenger, Snapchat တို့အပြင် အခြား social media/file manager app တွေနဲ့လည်း တွဲပြီးသုံးနိုင်ပါတယ်။ App ထဲမှာ ကိုယ်ကြိုက်တဲ့ စတစ်ကာကောင်လေးကိုရွေးလိုက်တာနဲ့ Keyboard လေးတစ်ခုပေါ်လာမှာပါ။ အဲ့ဒီ Keyboard လေးထဲမှာ ကိုယ့်စိတ်ထဲမှာရှိတဲ့ စာသားတစ်ချို့ကို ရိုက်ထည့်လိုက်ပြီး ခဏစောင့်ပေးလိုက်ရင် စတစ်ကာလေးက အဲ့စာသားအတိုင်း သီချင်းဆိုပေးမှာပါ။ တစ်ခုရှိတာက မြန်မာစာတော့ မရပါဘူး။ စတစ်ကာကို သီချင်းဆိုခိုင်းဖို့နဲ့ ဖုန်းထဲသိမ်းဆည်းထားဖို့အတွက် အင်တာနက်ဒေတာသုံးရပါတယ်။ အမြဲတမ်းလိုလို ချစ်စရာကောင်းတဲ့ စတစ်ကာအသစ်လေးတွေကို အမြဲ Update လုပ်ပေးနေတာကြောင့် သင်က ကိုယ့်ရဲ့ ခံစားချက်ကို စတစ်ကာနဲ့ဖော်ပြတတ်တဲ့သူဆိုရင်လုံးဝကို ရွေးချယ်သင့်တဲ့ စတစ်ကာ app လေးဖြစ်ပါတယ်။

သူ့ကို App Store တစ်ခုတည်းမှာပဲ iOS only အတွက် ဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်။ Android အတွက်တော့ မရသေးပါဘူး။ ဖိုင်အရွယ်အစားက 55MB ကျော်လေးပဲရှိတဲ့အပြင် ကမ္ဘာတစ်ဝှမ်းက ပရိသတ် အခိုင်အမာရထားတဲ့ App ဖြစ်တာကြောင့် သုံးကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Download link – iOS

,

Leave a Reply

Your email address will not be published. Required fields are marked *