မနက်ဖြန်လုပ်ဆောင်ရမယ့်ကိစ္စတွေကို မမေ့အောင်မှတ်သားနိုင်မယ့် Do it (tomorrow) 

မိမိရဲ့တစ်​​နေ့တာဖြတ်​သန်​းမှုမှာ လုပ်​​ဆောင်​စရာကိစ္စအဝဝကို ​မေ့​လျော့မှုကင်​းရှင်​းစွာလုပ်​​ဆောင်​နိုင်​ဖို့အတွက်​ Do it (tomorrow) ဆိုတဲ့ app ​လေးအ​ကြောင်​း​ပြောပြ​ပေးချင်​ပါတယ်​။

ကျွန်​​တော်​တို့တွေဟာ ​နေ့စဉ် မိသားစုကိစ္စ၊ အလုပ်​ကိစ္စ အစရှိသည်​ဖြင်​့ ကိစ္စအများအပြားကို ​ဆောင်​ရွက်​​​နေရတာ​ကြောင်​့ တချို့ကိစ္စ​တွေကို ​လုပ်​​ဆောင်​ဖို့​မေ့​လျော့​နေတတ်​ပါတယ်​။ တစ်​ခါနှစ်​ခါ​မေ့​လျော့တာ ကိစ္စမရှိ​ပေမဲ့ ခနခန ​မေ့​လျော့​နေရင်​​တော့ မိမိပတ်​ဝန်​းကျင်​မှာထိခိုက်​လာနိုင်​ပါတယ်​။ မိမိရဲ့​ဆောင်​ရွက်​စရာကိစ္စ​တွေကို ယခု app ထဲမှာ​ရေးမှတ်​ပြီး မိမိဖုန်​း home screen ရဲ့ widget ​လေးအဖြစ်​တင်​ထားမယ်​ဆိုရင်​​တော့ ကိစ္စအဝဝကို ​​မေ့​လျော့ခြင်​း မရှိဘဲ ​ဆောင်​ရွက်​နိုင်​​စေမှာဖြစ်​ပါတယ်​။

အပ်​ပလီ​ကေးရှင်​းထဲဝင်​လိုက်​တာနဲ့ “Add new task” ဆိုတဲ့စာသားကိုနှိပ်​ပြီး ယ​နေ့ မိမိ ​ဆောင်​ရွက်​ရမယ်​့ ကိစ္စ​တွေကို​ရေးမှတ်​နိုင်​ပါတယ်​။​ အကယ်​၍ လုပ်​​ဆောင်​ရမယ်​့ ကိစ္စတခု​ဆောင်​ရွက်​ပြီးပြီဆိုရင်​​တော့ မိမိ​ရေးထားတဲ့စာသားကို တစ်​ချက်​နှိပ်​လိုက်​ရင်​ စားသားကိုခြစ်​လိုက်​မှာဖြစ်​ပါတယ်​။ ညာဘက်​အ​ပေါ်ဆုံးထောင်​့က edit က​တော့ မိမိ​ရေးထားတဲ့ကိစ္စ​တွေကိုအစီစဉ်​တကျပြန်​စီချင်​တာ​မျိုး၊ delete လုပ်​ပြီး အသစ်​ပြန်​​ရေးတာမျိုး စသည်​ဖြင်​့ပြင်​ဆင်​နိုင်​ပါတယ်​။ ဘယ်​ဘက်​ကိုဆွဲလိုက်​ရင်​ tomorrow ဆိုတဲ့​စာမ​ျက်​နှာကို​ရောက်​သွားမှာဖြစ်​ပြီး မနက်​ဖြန်​​ဆောင်​ရွက်​စရာရှိတဲ့ကိစ္စ​တွေကို ​ရေးမှတ်​နိုင်​မှာပဲဖြစ်​ပါတယ်​။​ နေ့စဉ်​ဆောင်​ရွက်​ချက်​​တွေကို လစ်​ဟင်​းမှုမရှိပဲ အဆင်​​ပြေ​ချော​မွေ့စွာ ​ဆောင်​ရွက်​နိုင်​ဖို့အတွက်​ မိမိဖုန်​းထဲမှာ​ဆောင်​ထားသင်​့တဲ့ အပ်​ပလီ​ကေးရှင်​း​ကောင်​း​လေးတစ်​ခုပဲဖြစ်​ပါတယ်​။ အသုံးပြုချင်​ပါက ​အောက်​ပါလင့်ခ်တွင်​ရယူနိုင်​ပါတယ်​။

Download link – Android/ iOS

,

Leave a Reply

Your email address will not be published. Required fields are marked *