iOS Version နိမ့်တဲ့ Device တွေမှာ App Store က Download လုပ်မရတဲ့ ပြဿနာကို ဖြေရှင်းနည်း

Apple က သူရဲ့ မျိုးဆက်ဟောင်း Device အများစုကို iOS Update မပေးတော့ဘူးလို့ တရားဝင်ထုတ်ပြန်ထားပါတယ်။ iOS 9.3.5 ထိကိုပဲ နောက်ဆုံး Update ပေးထားပြီး နောက်ပိုင်း Update ကိုတော့ ရနိုင်မှာမဟုတ်တော့ပါဘူး။ iPhone 4s, iPad 2, iPad 3, iPad Mini (1st Generation), iPod touch (5th generation) အစရှိတဲ့ Device တွေကတော့ iOS 9.3.5 နောက်ပိုင်း Update မရတော့ပါဘူး။ ဒါကြောင့် အဆိုပါ Device အသုံးပြုတဲ့သူတွေဟာ App အသစ်တစ်ခု ဒေါင်းချင်တိုင်း iOS Version ကိုက်/ မကိုက် ကြည့်ပြီး ဒေါင်းရပါတယ်။

App developer တွေကလည်း App တွေကို Update လုပ်တိုင်း iOS Version အလိုက်တဖြည်းဖြည်း မြှင့်လာကြလို့ Update မရတော့တဲ့ User တွေအတွက် ဝမ်းနည်းစရာပါပဲ။ Android လိုမျိုး Open Source မဟုတ်တာကြောင့် အပြင်ကနေ သွင်းလို့လည်းမရပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ iDevice Version နဲ့ ကိုက်ညီတဲ့ App Version ကို PC (သို့) Mac ကနေ ဒေါင်းပြီးသားရှိရင်တော့ သွင်းလို့ရပါတယ်။ အခုအကြောင်းအရာကတော့ PC ကနေလည်း မဒေါင်းထားလိုက်မိတဲ့ သူတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် အခုပြောပြမှာကို စမ်းကြည့်ချင်ရင်တော့ PC သို့ Mac ရှိမှ အဆင်ပြေပါလိမ့်မယ်။

ပထမဆုံး အနေနဲ့ကတော့ ကွန်ပျူတာရယ် iTunes software ရယ်လိုပါမယ်။ iTunes မရှိသေးရင်တော့ အောက်က လင်ခ့်မှာ ဒေါင်းလို့ရပါတယ်။

Download link – iTune (Apple)

iOS 9.3.5 သုံးတဲ့သူတွေ တိုက်ရိုက်ဒေါင်းလို့မရတဲ့ YouTube App နဲ့ ပြပေးသွားမှာပါ။ အခု App Store ပေါ်မှာ YouTube နောက်ဆုံး ဗားရှင်းအတွက်လိုအပ်ချက်ကတော့ iOS 10 နဲ့ နောက်ပိုင်းထွက်တဲ့ Update တွေပဲ ဖြစ်ပါတယ်။ (ဒီမှာ တစ်ချက်ရှိတာကတော့ App ကို အရင်ကဒေါင်းဖူးရင် iOS version နဲ့ အကိုက်ညီဆုံး App Version ကို ပြန်ဒေါင်းပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လုံးဝမဒေါင်းဖူးသေးတဲ့ App တစ်ခုကို ဒေါင်းမယ့်သူတွေအတွက် ရည်ရွယ်ပါတယ်။)

ဒါကြောင့် iTunes ကို သွားပြီးတော့ ကိုယ်ဒေါင်းမယ့် App ကို ရှာပြီး PC ကနေ တစ်ဆင့်ဒေါင်းလိုက်ပါ။ App Download စတာနဲ့ Download ကို ရပ်လိုက်လို့ရပါပြီ။ iDevice ထဲကနေ App Store ကိုသွားပြီး Purchased ဆိုတဲ့နေရာမှာ History အနေနဲ့ ခုနတုန်းက iTunes ကနေ ဒေါင်းခဲ့တဲ့ App လေးဝင်နေပါလိမ့်မယ်။ (PC က iTunes မှာ ထည့်ထားတဲ့ Apple ID နဲ့ iDevice ထဲက Apple Id တူရပါမယ်။) App ကို Download နှိပ်တာနဲ့ နောက်ဆုံး Version ဟာ ခု iOS version နဲ့မကိုက်တဲ့ အတွက် အကိုက်ညီဆုံး Version ကို ဒေါင်းမှာလားလို့ မေးလာရင် Download နှိပ်ပေးလိုက်ရင် မိမိ iDevice ထဲကို အကိုက်ညီဆုံး App Version ကို ဒေါင်းပြီး သုံးနိုင်ပါပြီ။

Source

,

Leave a Reply

Your email address will not be published. Required fields are marked *