ကာတွန်းပုံလေးတွေ အလွယ်တကူဆွဲတတ်အောင် သင်ကြားပေးမယ့် Draw Glow Comics

၂၀၁၇မှာ Google Play ရဲ့ အကောင်းဆုံး ဆုရသွားတဲ့ applications တွေထဲက တစ်ခုဖြစ်ပါတယ်။ ကာတွန်းပုံဆွဲ သင်ကြားပေးတဲ့ application ဖြစ်တာမို့ ကာတွန်းဝါသနာပါတဲ့ သူတွေအကြိုက်ဖြစ်မှာပါ။

အသုံးပြုရတာရိုးရှင်းလွယ်ကူပြီး ပုံဆွဲတတ်ဖို့လည်း မလိုပါဘူး။ အားလုံးကို သူက တစ်ဆင့်ချင်း သင်ပြပေးသွားမှာပါ။ ဆွဲစရာ comics ဒီဇိုင်းအမျိုးမျိုး ပါဝင်မှာဖြစ်ပြီး အရောင်ပုံစံမျိုးစုံကို ဆေးခြယ်တံတွေ နဲ့ လွတ်လပ်စွာ ခြယ်နိုင်ပါတယ်။

Comics အရုပ်လေးတွေကို အစက်လေးတွေနဲ့ ဖော်ပြပေးထားမှာဖြစ်ပြီး လှပတဲ့ ပုံလေးထွက်လာအောင် ဆက်ပြီးဆွဲသွားပေးရမှာပါ။ Application ထဲမှာ တဆင့်ချင်းအသေးစိတ်ပုံဆွဲပုံ ပုံဆွဲနည်းကို ပြထားပေးထားပါတယ် ။ ဒါ့အပြင် အရောင်လေးတွေပါ စပ်နိုင်မှာဖြစ်လို့ တကယ့်ကို ပြည့်စုံတဲ့ comics လေးတွေဖြစ်လာမှာပါ။ Anime ပုံလေးတွေ ဆွဲတတ်ချင်တဲ့ သူငယ်ချင်းတို့ အိမ်မှာနေရင်း အေးအေးဆေးဆေး လေ့ကျင့်လို့ရအောင် မိတ်ဆက်ပေးလိုက်ပါတယ်။

ပုံဆွဲခြင်းကလည်း စိတ်ဖိစည်းမှု ဖြေလျှော့ပေးတဲ့ နည်းလမ်း တွေထဲမှာ ပါဝင်တဲ့အတွက် ဝါသနာအရပဲဖြစ်ဖြစ် စိတ်အပန်းဖြေတဲ့ အနေနဲ့ပဲဖြစ်ဖြစ် လေ့လာနိုင်ပါတယ်။ လတ်တလောမှာတော့ Android အသုံးပြုသူတွေအတွက်ပဲ သုံးလို့ရပါသေးတယ်။ iOS
သမားတွေအတွက်လည်း တကယ်ကို မိုက်တဲ့ comics ရေးဆွဲတဲ့ application တွေအမျာကြီး ရှိသေးတာမို့ ကြုံရင်ကြုံသလို ထပ်ပြီး မိတ်ဆက်ပေးသွားပါဦးမယ်။

Android အသုံးပြုသူလေးတွေ စိတ်ဝင်စားလို့ download ဆွဲချင်ရင် Google Play Store မှာ free download လုပ်ယူနိုင်ပါတယ်နော်..။

 

Image Source – Draw Glow Comics

,

Leave a Reply

Your email address will not be published. Required fields are marked *