သံစဉ်မြူးမြူးလေးတွေနဲ့ ကနိုင်မယ့် ElfYourself By Office Depot

နတ်သူငယ်ဝတ်စုံလေးတွေနဲ့ ကနိုင်မယ့် application လေးဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကစရာမလိုပါဘူး။ ဓာတ်ပုံထည့်ပေးလိုက်ရုံနဲ့ သူ့ဘာသာ auto ကပေးမှာပါ။ စုစုပေါင်း ဓာတ်ပုံ ၅ ပုံထည့်နိုင်ပြီး မိသားစုဝင်တွေရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ်၊ အိမ်မွေး တိရစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံပဲဖြစ်ဖြစ် ထည့်လို့ရပါတယ်။ အဖွဲ့လိုက်ကတဲ့ ပုံစံဖြစ်ပြီး ကကွက်တွေက အမိုက်စားမို့လို ရယ်နေရမှာပါ။

တစ်ခါတည်း Videos တွေပါလုပ်ပေးမှာဖြစ်လို့ ဖုန်းထဲအလွယ်တကူထည့်သိမ်းထားနိုင်ပါတယ်။ က ကွက်ဒီဇိုင်းတွေ အများကြီး ပါဝင်မှာဖြစ်ပြီး ငွေနဲ့တကယ်ဝယ်ယူရမယ့် ကကွက်တွေပါမှာဖြစ်သလို free download လုပ်ယူလို့ရတဲ့ ကကွက်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

Wonderland, Workshop, cats, House Party စတဲ့ ဒီဇိုင်း တွေပါဝင်မှာဖြစ်ပြီး ကိုယ့်စိတ်ကြိုက် ကကွက်ဒီဇိုင်းကို တစ်ချက်နှိပ်လိုက်ရုံနဲ့ ထည့်သွင်းနိုင်မှာဖြစ်တယ်။ Offline အနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပြီး တကယ့်လူကိုယ်တိုင် ဝင်ကနေသလို ခံစားမိစေမှာဖြစ်တဲ့ အတွက် ပျော်ဖို့အရမ်းကောင်းပါတယ်။ Christmas လည်းနီးလာပြီဖြစ်လို့ Christmas အရသာလေးခံစားရအောင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာလေးတွေ ဖန်တီးလိုက်ကြရအောင်နော်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ12 ကမှ နောက်ဆုံးversion 6.0.3 ကိုထွက်ရှိထားတာပါ။ Android, iOS နှစ်မျိုးစလုံးမှာ free to download လုပ်နိုင်ပါတယ်။ Android Version 4.1 နှင့် iOS Version 8.0 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

 

 

 

Image Source – ElfYourself By Office Depot

,

Leave a Reply

Your email address will not be published. Required fields are marked *