ဓာတ်ပုံနှစ်ခုကို ပေါင်းစပ်ပြီး အိမ်မက်ဆန်ဆန် ရုပ်ပုံတွေ ဖန်တီးနိုင်မယ့် Enlight

Enlight က ၂၀၁၇ ခုနှစ်ရဲ့ Apple Design Winner ဆုကိုရရှိထားတဲ့ app ဖြစ်ပါတယ်။ ယူကေ၊ သြစတေးလျ၊ ဂျာမနီ၊ ကနေဒါ၊ ပြင်သစ်၊ ရုရှား၊ တရုတ် နဲ့ အိန္ဒိယ တို့ရဲ့ App Store မှာ “2015 App of the Year” အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး ယူအက်စ် မှာ “Runner-up App of the Year” ဆုကို ရရှိခဲ့ပါတယ်။
အကောင်းဆုံး အရည်အသွေးကို ဖန်တီးပေးနိုင်တဲ့ photo editing app ဖြစ်ပြီးအဓိက လုပ်ဆောင်ပေးမှာက ပုံရိပ်နှစ်ခုကို ပေါင်းစပ်ပြီး တစ်ပုံတည်းပြုလုပ်ပေးမှာပါ။ အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်။

Portrait ရွေးချယ်ခြင်း

App ထဲမှာ မှန်ကန်တဲ့ ဓာတ်ပုံရွေးချယ်နိုင်ဖို့က အဓိကပါ။ အလွယ်ကူဆုံးရွေးချယ်နည်းကတော့ နောက်ခံအရောင်ဖျော့ဖျော့ ဓာတ်ပုံ ရွေးပြီး စတင်ရမှာပါ။ အကယ်၍ သင့်မှာ အဲ့လိုဓာတ်ပုံမရှိရင် နံရံအဖြူတစ်ခုခု ရှေ့မှာရပ်ပြီး ဓာတ်ပုံ တစ်ပုံရိုက်ယူလိုက်လို့ရပါတယ်။

 

အကောင်းဆုံး ချိန်ညှိခြင်း

ရုပ်ပုံတွေကို ညှိဖို့အတွက် Photofix ရဲ့ filters တွေနဲ့ editing tools တွေကို အသုံးပြုနိုင်ပါတယ်။

 

ပြည့်စုံကောင်းမွန်တဲ့ ပေါင်းစပ်ခြင်း

Layer ရွေးချယ်ဖို့အတွက် screen ရဲ့ အပေါ် ညာဘက်ထောင့် ကို နှိပ်ရပါမယ်။ ပြီးရင် eraser ကို အသုံးပြုပြီး ရုပ်ပုံထဲမှာ နောက်ခံဓာတ်ပုံ ထည့်သွင်း ချင်တဲ့ နေရာ အစိတ်အပိုင်းတွေကို ဖယ်ရှားရပါမယ်။

Earaser ကို နေရာ သေးသေးလေးတွေအထိ အသေးစိတ် အသုံးပြု နိုင်ဖို့အတွက် brush icons တွေကို ရွေးချယ်လို့ရပါတယ်။ ဓာတ်ပုံရဲ့ အနားအစိတ်အပိုင်းတွေကို ဖျက်ပစ်ဖို့ လိုအပ်လာရင်တော့ Edge Avoidance ကို “on” လုပ်ပေးဖို့လိုအပ်ပါတယ်။ Enlight မှာ အရမ်းကိုမိုက်တဲ့ editing tools တွေထည့်သွင်းပေးထားပါတယ်။ ပြင်ဆင်ချက်တိုင်းကို undo လုပ်လို့ရတဲ့အတွက် ဖန်တီးမှုမှားသွားမှာလည်း စိုးရိမ်ဖို့မလိုပါဘူး။ Edit လုပ်လို့မပြီး သေးလို့ နောက်မှဆက်ပြီး edit လုပ်ချင်ရင် auto save ကိုသုံးနိုင်ပါတယ်။ အကယ်၍ အခု ပြောပြထားတာကို မရှင်းမလင်းဖြစ်နေသေးရင် အောက်မှာ နမူနာ video လေး ကြည့်လို့ရပါတယ်။

Video Link – https://vimeo.com/224309344

Enlight မှာ သင့်ကို ပေးစွမ်းနိုင်တာတွေက

 Image Perfection
 Analog & Duo Filters
 Black & White Photography
 An Artist’s Dream
 Decorative Touches
 Photo Mixer
 Intelligent Photo Correction
 Power Tools
 Crop Options
 Social Media Heaven တို့ပဲဖြစ်ပါတယ်။ App ထဲမှာ ကိုယ်တိုင် အသုံးပြုကြည့်မှ ထူးခြားတဲ့ ဖန်တီးမှု အတွေ့အကြုံကို ရရှိမှာဖြစ်လို့ စမ်းသုံးကြည့်ဖို့ အကြံ ပြုချင်ပါတယ်။ တကယ့်ကို အသုံးပြုလို့ကောင်းပြီး သင့်ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ app တစ်ခုဆိုတာ လုံးဝကို သေချာပါတယ်။

ခုလောလောဆယ်တော့ iOS တစ်မျိုးတည်းအတွက်ပဲ အသုံးပြုနိုင်ပါသေးတယ်။ App Store မှာ rating 4.8 အထိရရှိထားပါတယ်။ အသုံးပြုချင်ရင် App Store မှာ ၂၆၂၈ကျပ်နဲ့ ဝယ်ယူပြီး download လုပ်ယူနိုင်ပါတယ်။

 

Image Source – Enlight

,

Leave a Reply

Your email address will not be published. Required fields are marked *