အားကစား fan တွေ Install လုပ်ထားသင့်တဲ့ ESPN

သင်ဟာ ဘယ် အားကစားကို အမြဲအားပေးပါလဲ။ ဘယ်အသင်း၊ ဘယ်အားကစားသမားရဲ့ အမာခံပရိတ်သတ်ပါလဲ။ သင်နှစ်သက်တဲ့ အသင်း၊ ကစားသမား၊ ပွဲစဉ်တွေကို အကြောင်းကို အမြဲမပြတ်သိနေချင်တယ်ဆိုရင်တော့ ဒီ ESPN ဆိုတဲ့ App လေးကို phone ထဲမှာ install လုပ်ထားသင့်ပါတယ်။

  

US ရဲ့ နာမည်ကြီး အားကစားchannel တစ်ခုဖြစ်တဲ့ ESPN ကနေပြုလုပ်ထားတဲ့ ဒီ app မှာဆိုရင် ကျင်းပမယ့် ပွဲစဉ်တွေရဲ့ သတင်းတွေအပြင်၊ ကြိုတင်ခန့်မှန်းမှုတွေ၊ သုံးသပ်ချက်တွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အားကစားဆိုရင် လူတိုင်းကြိုက် ဘောလုံးကနေ၊ လက်ဝှေ့၊ ကားပြိုင်ပွဲ၊ တင်းနစ်၊ နပမ်းကနေ E-sports အထိပါ အားလုံးကိုစုံလင်အောင်ဖော်ပြပေးထားပါတယ်။ အဲ့လိုရှိတဲ့ထဲကနေမှ ကိုယ်ကြိုက်တဲ့ အားကစားနဲ့ အသင်းကို favourite ရွေးထားလိုက်မယ်ဆို newsfeed မှာ သတင်းတွေကို ဖော်ပြပေးမယ့်အပြင်၊ ပွဲမစခင်မှာလည်း ကြိုတင်သတိပေးမှာဖြစ်ပါတယ်။

  

ကစားပွဲတစ်ပွဲပြီးသွားတဲ့အခါမှာလည်း summary, report, statistics, line-ups စတာတွေအပြင်၊ ပွဲအတွင်းဖြစ်ပျက်ခဲ့တဲ့ event တွေကိုလည်း မိနစ်အတိအကျနဲ့အတူ videoတွေပါတစ်ခါတည်းကြည့်ရှုနိုင်မှာမို့လို့ ပွဲတုန်းက ပြန်ကြည့်ချင်တဲ့ score တွေ၊ မကြည့်လိုက်ရလို့ highlight ပြန်ကြည့်ချင်တဲ့သူတွေအတွက် အရမ်းကိုအဆင်ပြေပါတယ်။ ဘောလုံးပွဲတွေဆိုရင် ကစားကွက်သာတဲ့နေရာတွေ၊ အရင်ပွဲတွေက ကစားကွက်တွေ၊ အနိုင်အရှုံးတွေကိုလည်း တစ်ပါတည်းဖော်ပြပေးထားပါတယ်။ ပွဲမစခင်မှာလည်း အရင်ထိပ်တိုက်တွေ့ဆုံခဲ့စဉ်က ရလဒ်တွေနဲ့ ကစားပုံတွေကို ကြိုတင်ဖော်ပြပေးထားလို့ ဘယ်အသင်းနိုင်နိုင်ချေပိုရှိမလဲဆိုတာ မိမိအနေနဲ့တွက်ဆလို့ရနိုင်ပါတယ်။

  

ESPN မှာက အဓိကအနေနဲ့ online ကနေ ကြည့်ရှုနိုင်အောင်လုပ်ထားတာဖြစ်ပေမဲ့ US မဟုတ်တဲ့နိုင်ငံတွေကနေတော့ ကြည့်လို့မရပါဘူး။ ဒါပေမဲ့ သူ့မှာက podcast တွေကို နားထောင်လို့ရတဲ့အပြင်၊ လက်ရှိရနိုင်တဲ့ ကစားပွဲသုံးသပ်ချက်တွေနဲ့တင် တော်တော်လေးအသုံးဝင်နေပါပြီ။ (Podcastဆိုတာ ဘာလဲမသိသေးတဲ့သူတွေအတွက် podcast app ကို နောက် review လုပ်ပေးပါ့မယ် ?)

  

Online ကနေ လိုင်းကို subscribe မလုပ်နိုင်တဲ့အတွက် app ကို လုံးဝ free အနေနဲ့သုံးလို့ရမှာဖြစ်ပါတယ်။ Size အနေနဲ့က 20mb သာရှိပြီး၊ androidနဲ့ iOS နှစ်ခုလုံးမှာ အသုံးပြုလို့ရနိုင်ပါတယ်။

Download Link – Android/iOS

, ,

Leave a Reply

Your email address will not be published. Required fields are marked *